အပိုင်း ၁၇၀

1.2K 144 0
                                    

- မိသားစု မဟုတ်ဘူး

ရှရှဟိုင် မျက်မှောင်ကြုံ့လိုက်သည်။ ရှရှီပေက ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ?

သူ စကားတစ်ခွန်းမှမပြောခင် သူဘေးက လျိုလီရှင်းက ပေါက်ကွဲထွက်သွားသည်။

"‌ေ*ာက်ကောင်မ! နင် ဘာလို့ ငါ့ကလေးတွေအပေါ် လက်တင်ရဲရတာလဲ?! ငါ နင့်ကို ပြန်ပေးဆပ်ရအောင် လုပ်မှာ!"

သူမ ပိုက်ဆံကို ချစ်ပေမယ့် သူမ ကလေးတွေကို ပိုပြီး ဂရုစိုက်သည်။

တစ်ခုခုသာ သူတို့ဆီဖြစ်သွားရင် သူမ ရှရှီပေကို ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး!

သူများတွေကသာ သူမကို ထိန်းမထားရင် သူမ ပြေးပြီး ရှရှီပေ၏ မျက်နှာကို ဆွဲခြစ်ပြီးသွားပြီ။

ရှရှီပေ သူမ ဒေါသကြောင့် နောက်ကို နည်းနည်းဆုတ်လိုက်သည်။ ကြောက်လန့်ပြီး သူမ ‌မေးလိုက်သည်။ "အန်တီ...အန်တီဘာပြောတာလဲ? သမီး အန်တီ့ကလေးတွေ အပေါ်မှာ ဘယ်တုန်းက လက်တင်လို့လဲ?"

"ငါ့ကို အရူးလာမလုပ်နဲ့!" လျိုလီရှင်း ဒေါသဖြင့် အော််လိုက်သည်။ "နင် ငါတို့ဆီကို ချိန်းခြောက်စာတွေမပို့ဘူးလား? နင် သူတို့ကို အန္တရာယ်ပြုရဲရင် ငါ နင့်ကို သတ်မှာ!"

ရှရှီပေ အနည်းငယ်ကျုံ့သွားကာ အလွန်အမင်း တုန်လှုပ်သွားသည်။

"အန်တီ ဘာတွေပြောနေတာလဲ? သမီး နားမလည်ဘူး..."

"နင် နားမလည်ဘူး?" လျိုလီရှင်း ဒေါသတွေက အခုချိန်မှာ ပွက်ပွက်ဆူနေသည်။ "နင် သူတို့ကို ဒီနေ့ဘဲ လုပ်ကြံဖို့ လုပ်နေတာမဟုတ်ဘူးလား? ငါ နင့်ကို ပြောထားတယ် စဉ်းတောင် မစဉ်းစားနဲ့!"

"ဟမ်? ဘာကြီး? သူတို့ကို လုပ်ကြံမယ်?" ရှရှီပေ စိတ်ရှုပ်သွားသည်။ "သမီး...သမီးက သူတို့ကို တွေ့ချင်ရုံတင်..."

"သွားစမ်းပါ!" လျိုလီရှင်း သူမ၏ ဆဲရေးတိုင်းထွာခြင်းတို့ကို ထိန်းမရတော့။ "နင် သူတို့နား နောက်တစ်ခါ ထပ်သွားရဲသွားကြည့် ငါ နင့်ကို အဆုံးပေးမယ်!"

တစ်ယောက်က ကြမ်းတမ်းပြီး ရိုင်းစိုင်းသည့် မိန်းမကြီးဖြစ်ပြီး နောက်တစ်ယောက်က ပျော့ညံ့ပြီး သိမ်မွေ့သော မိန်းကလေးပင်။ လူတွေက သေချာပေါက် ရှရှီပေဘက်ကို လိုက်မှာပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now