ဒါကြီးက ဘယ်ကရောက်လာတာလဲ?

3.6K 489 5
                                    

Unicode

"ဝိတ်ချတာ"

ရှရှီပေ ဟော်ကျီကျွင်းရဲ့ အတွေးကို အတည်ပြုပေးလိုက်တယ် သူ ပိုပြီး အံဩသွားတယ်

"မင်းရေးထားတာလား ဒါမှမဟုတ် သူများ ရေးပေးထားတာလား?"

"ဟ ကျွန်မဘာသာ ကျွန်မ‌ ရေးတာပေါ့"

သူက သူမ အသက်ကြောင့် သူမကို သံသယဝင်တာကို ရှရှီပေ သိပေမယ့်လည်း သူမ ပျော်ရွှင်ခြင်း မရှိဖြစ်နေတုန်းဘဲ

"မင်းတကယ် ရေးထားတာပေါ့?"

ဟော်ကျီကျွင်းက ရှရှီပေကို သံသယဖြင့် အထက်အောက် ဖင်ပြန်ခေါင်းပြန် ကြည့်နေလိုက်တယ်

ကြည်‌့ကောင်းတဲ့ ရုပ်နဲ့ မိန်းမငယ်လေး .... သူမ သေသေချာချာ ဝတ်စားလိုက်မယ်ဆိုရင် တီဗီထဲက အိုင်ဒေါတွေနဲ့ ယှဉ်လို့ရတယ်

ဒါပေမယ့် ဒီလောက်ငယ်တဲ့ ကောင်မလေးက ဒီလို စွမ်းရည်မျိုး ဘာလို့ ရှိတာလဲ?

"အဲ့လိုမှ မဟုတ်ရင်...?" ရှရှီပေ မျက်ဖြူလှန်ပြီးသာ ကြည့်လိုက်တယ်

"ဘာလို့ ဒီဆေးတွေကို ညွှန်းရေးထားတာလဲ?"

ဟော်ကျီကျွင်း ဆေးထဲက တစ်ခုကို ထောက်ပြပြီး မေးလိုက်တယ်

"သွေးထဲက အဆိပ်အတောက်ရှင်းဖို့"

"ဒါကကော?"

"ရောင်ရမ်းတာနဲ့ ဆီးသွားတာ လျှော့ချဖို့"

"ပြီးတော့ ဒါကကော?"

"ယင်ဓာတ်နဲ့ အလှကို အာဟာရပေးဖို့"

"ဒါကကော...."

"ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ?" ချောင်ရန်ကျွယ် မနေနိုင်တော့ဘဲ ဟော်ကျီကျွင်းရဲ့ အပြီးမသတ်နိုင်တဲ့ မေးခွန်းတွေကို ကြားဖြတ်မေးလိုက်တယ် "သူ့ရဲ့ မအီမသာ ဖြစ်နေတာကို မင်း မမြင်ဘူးလား?"

"ဘာတွေ လောနေတာလဲ?" ဟော်ကျီကျွင်း မျက်ခုံးပင့်ပြီး သူ့ကို ကြည့်လိုက်တယ် " သူက မင်းကို မသိဘူး!"

ချောင်ရန်ကျွယ်ရဲ့ မျက်နှာပျက်သွားတယ်

"ငါ့ရဲ့ ကျည်ဆန်ကို ထုတ်ပေးတာ သူဘဲ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now