အပိုင်း ၇၅

2.9K 362 1
                                    

Unicode

- သင်တန်းသားစာချုပ်

သူငယ်ချင်းကောင်း?

ရှရှီပေ ပြုံးလိုက်ပြီး ဘာမှမပြော။ သူမ ဖန်းယန်ဘက်ကို လှည့်ပြီး မေးလိုက်တယ်။ "အကိုဖန်း ကျွန်မတို့ နောက် ဘယ်ကို သွားကြမှာလဲ?"

ဖန်းယန် ဘာမှပြန်မပြောခင် ပိုင်မေရွှယ် ပြောလိုက်တယ်။ "အင်း ငါတို့ အခု အကစတူဒီယိုကို သွားကြမှာ နင်တို့ရော လိုက်မလား?"

ပိုင်မေရွှယ်က ပြောနေပြီဘဲ ဖန်းယန်က ဘာပြန်ပြောနိုင်မှာမလို့လဲ?

သူ ခေါင်းငြိမ့်တဲ့ ရှရှီပေကို ကြည့်လိုက်တယ်။

"အိုကေ သွားကြတာပေါ့" သူ ပြန်ပြောလိုက်တယ်။

သူတို့ အုပ်စု တူတူလမ်းလျှောက်သွားကြတယ်။ ပိုင်မေရွှယ်နဲ့ ဖန်းယန်က ရှေ့က လျှောက်ပြီး ကောင်မလေးနှစ်ယောက်က သူတို့ နောက်က လိုက်ကြတယ်။

ရှချင်းဟန် ရှရှီပေကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်။

"နင်တကယ် သင်တန်းသူလုပ်မလို့လား?"

"ဟုတ်တယ်" ရှရှီပေ သူမကို အရင်တုန်းက အပြုံးအတိုင်းဘဲ ပြုံးပြလိုက်တယ်။ "ငါ စတားဖြစ်ချင်ပြီး ငွေအများကြီးရှာချင်တယ်"

အဲ့စကားလုံးတွေက ရှချင်းဟန်ကို တောင့်တင်းသွားစေတယ်။ "တကယ်? ဒါပေမယ့် စတားတစါယောက်ဖြစ်ဖို့ မလွယ်ဘူးနော်"

"ရတယ်" ရှရှီပေ ပြောလိုက်တယ်။ "ငါ တော်တော်လှတယ်လို့ ထင်တာဘဲ အဲ့တာကြောင့် ဘာပြဿနာမှမရှိလောက်ပါဘူး"

ရှချင်းဟန် တောင့်တင်းဆဲပင်။ ဒါပေမယ့် သူမ နောက်တစ်ခါ မြန်မြန် ပြုံးလိုက်တယ်။

"စတားတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်အပြင်ကို အရည်အချင်းလိုသေးတယ် နင့်မှာ အဲ့လို အရည်အချင်းမျိုးရှိလား?"

"အရည်အချင်း?" ရှရှီပေ အပြစ်ကင်းပုံပေါ်နေတယ်။ "ဘာ အရည်အချင်းလဲ?"

"သီချင်းဆိုတာ ကတာ ဂီတတူရိယာတွေ တီးတတ်တာရယ် သရုပ်ဆောင်တာရယ်....."

"သီချင်းဆိုတာနဲ့ ကတာ?" ရှရှီပေ မျက်မှောင်ကုပ်လိုက်တယ်။ " အင်း... ငါမလုပ်ဖူးဘူး ငါ သီချင်းဆိုကောင်းလားတောင် ငါမသိဘူး အကဆိုတာလည်း ငါ အရင်တုန်းက မကဖူးဘူး"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now