အပိုင်း ၆၁

3.2K 420 3
                                    

Unicode

-စုန့်ကျားရန် ရက်စက်ကြမ်းကြုတ်ခြင်းအဖြစ်သို့ပြောင်းသွားခြင်း

အဲ့ဒီလူတွေ ပြုမူပုံတွေက ယန်ရွှမ့်မျက်နှာပေါ်ကိုအကြောက်လွန်သောအကြည့်မျိုး ပေါ်လာစေပြီး သူ့နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေတော့တယ်။ "ခင်ဗျာ ခင်ဗျားတို့....."

"မစ္စစုန့် ကျုပ်တို့တောင်းပန်ပါတယ်! ကျုပ်တို့ မလုပ်ခဲ့သင့်ဘူး! ကျုပ်တို့ကို ခွင့်လွှတ်ဖို့ ဘော့စ်စုန့်ကို ပြောပေးပါဦး ကျုပ်တို့ ခင်ဗျားကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူးဗျ!"

ခေါင်းဆောင်က မျက်ရည်ပေါက်ကြီးငယ်ကျတော့မည့်ပုံ။

သူတို့ အခုထွက်သွားပြီးတော့ ကိစ္စက ပြီးပြီထင်နေတာ။

မမျှော်လင့်ဘဲနဲ့ သူတို့လမ်းကို ကောင်မလေးတစ်ယောက်က ပိတ်လိုက်တယ်။

သူမက တော်တော်လှပေမယ့်လည်း ပိန်ပြီး ချည့်နဲ့တဲ့ပုံပေါ်တာကြောင့် သူတို့ သူမကို မျက်စိထဲတောင် မထည့်။

သူမနောက်ကနေ အရပ်ရှည်ပြီး တောင့်တောင့်တင်းတင်း ယောက်ျားသားတွေက ပေါ်လာမယ် မထင်ထားဘူး!

အဲ့လူတွေရဲ့ ရုပ်ရည်နဲ့ ဟိတ်ဟန်ပါတဲ့ ပြုမူပုံတွေကသူတို့လို လူမိုက်လေးတွေကို ဖြေရှင်းတာထက် သွေးကို အရင်ကတည်းက မြင်ဖူးပြီးသားဆိုတာ သေချာတယ်။

အဲ့လူတွေက သူတို့ကို လူမဆန်စွာ သင်ခန်းစာကို သင်ပေးလိုက်ပြီး သူတို့ကို ပြန်သွားပြီး စုန့်ကျားရန်ကို တောင်းပန်ဖို့ တွန်းအားပေးလိုက်တယ်။

သူတို့ ဘယ်လို မလိုက်နာရဲမှာလဲ? သူတို့ ချက်ချင်းဘဲ ပြန်လာရတယ်။

ယန်ရွှမ့်ကို မြင်ပြီး သူတို့ရဲ့ ထိန်းထားတဲ့ ဒေါသတွေ နာကျည်မှုတွေက ‌တစ်ခါတည်း ပေါက်ကွဲထွက်ကုန်တယ်။

ယန်ရွှမ်သာ သူတို့ကို ဘာပြဿနာမှမဖြစ်ဘူးဆိုပြီး အာမမခံခဲ့ဘူးဆိုရင် သူတို့ အဲ့လို လုပ်ဖို့ သတ္တိကှိမှာ မဟုတ်ဘူး!

စုန့်ထျန်ချင်က ဒီမှာ ဘော့စ်အကြီးစားဘဲ!

သူတို့လို နောက်လိုက်လေးတွေက စုန့်ထျန်ချန်ကို လွန်ဆန်ဖို့ သတ္တိရှိပါ့မလား?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now