အပိုင်း ၁၉၂

420 48 0
                                    

-သူတို့ကိုရူးအောင်လုပ်ခြင်း

ဖန်းယန် အရမ်းအံ့အားသင့်သွားသည်။

သူလည်း ဒီနေ့ အင်တာနက်ပေါ်က ရှရှီပေ၏ သတင်းတွေကို တွေ့သည်။ ဤအရာတစ်ခုလုံးက ထိပ်တန်းသတင်းတွေဖြစ်ကုန်ပြီး ဒရာမာတွေ ဖြစ်ကုန်သည်။

သူ ရှရှီပေ၏ နာမည်ကို ထိပ်တန်းသတင်းမှာတွေ့တော့ သူမအတွက် အရမ်းပျော်မိသည်။

သူသာ ဒီလိုစွမ်းရည်ပိုင်ရှင်မျိုးကိုသာ မန်နေဂျာလုပ်ခွင့်ရရင် အကျိုးရလဒ်က ပိုတောင် ကောင်းလာဦးမည်!

တစ်ခြားအနုပညာရှင်တွေက မကောင်းတဲ့ သတင်းမပါစေဘဲ ထိပ်တန်းသတင်းဖြစ်အောင် အချိန်အတော်ကြာ ကြိုးပမ်းကြရသည်။

လူအများက ကောင်းသတင်းနှင့်တင် ကျော်ကြားလာသည်ကို အရမ်း ဝန်တိုကြသည်။

သူမအတွက် သူပျော်ပေမယ့် နှမြောစရာကောင်းသည်ဟုလည်း ထင်မိသည်။

ရှရှီပေ ဘယ်လောက် ပေါ်ပြူလာဖြစ်နေနေ အရေးမကြီး သူမက ဘယ်သူနှင့်မှ လက်မှတ်ထိုးမထား။

ရှရှီပေ တခြားကုမ္ပဏီ‌ေတွကို သွားမှာ ပိုကြောက်ရသည်။ ပြောရရင် တစ်ချို့ကုမ္ပဏီတွေက စည်းကမ်းသိပ်မတင်းကျပ်။

သို့ပေမယ့် သူ့မှာ ရှရှီပေကို တစ်ခြား ကုမ္ပဏီတွေနှင့် လက်မှတ်မထိုးဖို့ ပြောလို့မရ။ သူ့မှာ ပြောပိုင်ခွင့်မရှိ။

သူတွေးလေလေ ကြေကွဲလေလေပင်။ ကုမ္ပဏီက တစ်ခြား trainee အသစ်လေးတွေကိုမြင်တော့ ပိုပြီးတော့တောင် သက်ပြင်းချမိလေသည်။ 

တစ်ခြားအရာတွေနောက်ထား ရှရှီပေ၏ ရုပ်ရည်တစ်ခုတည်းတင်ပင် ထိပ်တန်းအဆင့်။

အစတုန်းက trainees အသစ်တွေထဲက ကောင်းတဲ့ အသစ်လေးတွေကို ရွေးချယ်ချင်ခဲ့ပေမယ့် ရှရှီပေက အရမ်း အံ့မခန်းဖြစ်နေသည်ကြောင့် တစ်ခြား ဆင်တူလူကို ရှာမရတော့။

လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာတင် သူ၏ စီမံခန့်ခွဲမှုအဖွဲ့ကနေပြီးတော့ အနုပညာရှင်တစ်ယောက်နှင့် စတင် အလုပ်လုပ်စေချင်နေပြီဖြစ်သည်။

ရက်စက်သောနတ်ဘုရားမOpowieści tętniące życiem. Odkryj je teraz