အပိုင်း ၁၃၅

2.3K 272 0
                                    

Unicode

- ဟန်နီ ဒီဝင်နေသည်။

သူတို့နှစ်ယောက် လိုအပ်သည်များကို ဆွေးနွေးနေသည်။

ရှရှီပေ စထရင်းမင်းနှင့် ပတ်သက်၍ အနည်းငယ်သိသည်။ ပလက်ဖောင်းထောင်ဖို့ကကျတော့ ထန်လော်၏ အပိုင်းဖြစ်သွားပြီ။

ကြည့်ရသည်မှာ ထန်လော် ထိုအရာကို နားလည်မှု နည်းနည်းရှိပြီးသားထင်သည်။ ထို့ကြောင့် သူတို့ စကားဝိုင်းက ချော့မွေ့နေသည်။

သူတို့ နေ့လည်စာစားဖို့ တစ်နေရာရှာပြီး ဆက်ဆွေးနွေးနေကြသည်။

သူတို့စဉ်းစားမိသလောက် အကုန်စာရင်းလုပ်ပြီးတော့မှ ရပ်ဖို့ စဉ်းစားမိကြသည်။

ရပ်လိုက်ပြီး သူတို့တစ်ယောက်ကို တစ်ယောက် ရယ်လိုက်ကြပြီး သနားညှာတာမှု နည်းနည်းကို ခံစားလိုက်ကြရသည်။

သူတို့စိတ်ထားတွေက ကိုက်နေပြီး တစ်ယောက်‌နှင့် တစ်ယောက် ပေါင်းရသည်မှာ အရမ်း နှစ်လိုဖွယ်ကောင်းနေသည်။

ညစာလည်း စားပြီးတော့ သူတို့တစ်နေကုန် မလှုပ်မယှက်ဘဲ ထိုင်နေသည်ကို သတိထားမိသွားတယ်!

"အစာကြေအောင် လမ်းလျှောက်ရအောင်" ရှရှီပေ အကြံပေးလိုက်သည်။

တစ်နေ့လုံး ထိုင်နေရသည်မှာ ပင်ပန်းစရာကောင်းလှသည်။

"အိုကေ" ထန်လော် ငြင်းစရာအကြောင်းမရှိ။

သူတို့ လမ်းလျှောက်တော့ လူအများအာရုံကို ဆွဲဆောင်နေသည်။

သူတို့နှစ်ယောက်က အရပ်တူတူလောက်ဖြစ်ပေမယ့် ထန်လော်က ပိုရှည်ပြီး အချိုးအစားကောင်းသည်။ သူက ခြေတံရှည်ပြီး ချောမောကာ ဖြတ်သွားသည့် မိန်းမငယ်တွေကို နှစ်ခါပြန်ကြည့်စေသည်။

သူတို့ square ကိုရောက်တော့ အပြင်ဘက်တွင် ဖျော်ဖြေရေး ပစ္စည်းများရှိနေသည်။

ရုတ်တရက် ရှရှီပေ၏ ဖုန်းမြည်လာသည်။

စစ်ကြည့်ပြီးတော့ ရှရှီပေ မရယ်ရမနေနိုင်။

"ဘာဖြစ်တာလဲ?" ထန်လော် မေးလိုက်သည်။

"ဘာမှမဖြစ်ဘူးရယ် တစ်ယောက်ယောက်က ငါ့ကိုရှာနေတာ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now