အပိုင်း ၁၃၄

2.5K 276 0
                                    

Unicode

- စီးပွားရေး ပါတနာ

ရှရှီပေ နောက်နေ့မနက် ဆယ်နာရီ ချိန်းထားသည့် နေရာကိုရောက်တော့ ထန်လော်က ရောက်နှင့်နေပြီ။

သူတို့နှစ်ယောက် အကြည့်ချင်းလဲပြီး ပြုံးလိုက်ကာ နည်းနည်းဝေးပြီး တိတ်ဆိတ်သော ‌ဆိုင်တွင် ထိုင်လိုက်သည်။

သူတို့ အစာနည်းနည်းမှာပြီး အဓိကအကြောင်းအရာကို တိုက်ရိုက်ဆွေးနွေးတော့သည်။

"နင်က ကွန်ပြူတာတော်တယ်လို့ ငါကြားတယ်" ရှရှီပေ ရေတစ်ငုံသောက်ပြီး ပြောလိုက်သည်။

"မင်း ဘယ်ကနေကြားတာလဲ?" ထန်လော် မျက်ခုံးပင့်လိုက်သည်။

"အရေးမကြီးဘူး" ရှရှီပေ ပြုံးပြီး ခေါင်းရမ်းလိုက်သည်။ "ကိစ္စက ငါ နင်နဲ့ ပူးပေါင်းချင်တာ"

"ပူးပေါင်းမယ်? မင်းက ဘာကို ပူးပေါင်းချင်တာလဲ? စာလား?" ထန်လော် ‌ပြန်ပုတ်ထုတ်လိုက်သည်။

"စထရင်းမင်းပလက်ဖောင်းထောင်ဖို့ နင် စိတ်ဝင်စားလား?"

ထန်လော် သူမစကားကြားသည်နှင့် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးထဲ စူးရှသော အလင်းဖျော့ဖျော့ရှိနေသည်။

"စထရင်းမင်းပလက်ဖောင်း?"

"ဟုတ်တယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။ "နင် အရင်က ကြားဖူးမှာပါ ဟုတ်တယ်မလား? တကယ်တော့ ကုမ္ပဏီအများစုက ဒီနယ်ပယ်ကို အရင်သွားနေကြတာ ဒါပေမယ့် ငါ ကိစ္စကြီးကြီးလုပ်ဖို့ရှိသေးတယ်လို့ ငါထင်တယ်"

စထရင်းမင်းက စတင်ပြီး ပေါ်ပြူလာဖြစ်လာပြီ။ အံ့ဩစရာကောင်းအောင်လောက်တဲ့အထိ ပေါ်ပြူလာမဖြစ်သေး။ ထိုအချိန်တွင် social influencers လည်း အများကြီး မရှိသေး။

သူတို့ ဒီ‌နယ်ပယ်ကို ဒီအချိန်မှာ ဝင်ပြီး တည်ငြိမ်သည့် လမ်းကြောင်းပေါ်လျှောက်နိုင်မယ်ဆိုရင် များပြားသော အကျိုးအမြတ်တွေက သူတို့ရဲ့ ‌မဝေးတော့သည့် အနာဂတ်မှာပင် လိုက်လာတော့မှာပင်။

သူတို့နှစ်ယောက်လုံးက ကျောင်းသားတွေပင်။ သူမ ထိုကိစ္စတွေလောက်ထဲ လက်ထဲရောက်ဖို့ လုပ်နေသည်မှာ သူမ နောက်နေတာ ဖြစ်ရမည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now