အပိုင်း ၁၁၈

2.5K 307 5
                                    

Unicode

- ကံကြမ္မာပြောင်းခြင်း

သူမအရင်ဘဝတွင် ဤနေရာက ဆောင်းရာသီမှ ဖျက်သည်ပင်။

သို့ပေမယ့် အခုက မေလတင်ရှိသေးသည်။

"အကို ဘယ်လိုသိလဲ?" ရှရှီပေ ရှော့ရသွားသည်။

ဟော်ဇီကျွင်း ထိုနေရာနှင့် ဝေးဝေးတွင်နေသောကြောင့် သူက ထိုအရာတွေကို ဘာလို့ စိတ်ထဲ ထားနေတာလဲ?

"ရန်ကျွယ်ပြောပြတာ" ဟော်ဇီကျွင်း ပြုံးလိုက်သည်။

ချောင်ရန်ကျွယ်?

ရှရှီပေ ခဏလောက် ကြောင်သွားပြီး အသိတစ်ခုဝင်သွားသည်။ "အဲ့နေရာကို ဖွံ့ဖြိုးအောင် လုပ်တဲ့ ဘော့စ်က....."

"ဟုတ်တယ်"

ဟော်ဇီကျွင်းရယ်လိုက်သည်။ "အကို မင်းကို ပြောပြလို့ဖြစ်ပါတယ် အဲ့တာသူဘဲ"

ရှရှီပေ မှင်သက်သွားသည်။ "အဲ့တာကြောင့် သူက ဒီလို ရောက်နေတာပေါ့? အဲ့‌မြေကြောင့်ပေါ့?"

"ဟုတ်တယ်" ဟော်ဇီကျွင်း အပြုံးနှင့်ပြောလိုက်သည်။ "မင်း‌ေကြာင့်သာမဟုတ်ရင် သူ မြန်မြန် နေပြန်ကောင်းမှာမဟုတ်ဘူး သူက အရမ်းစွမ်းဆောင်ရည်ရှိတယ် ကြည့်လိုက် အခု သူ အလုပ်စဖို့ အဆင်သင့်ဖြစ်နေပြီ"

ဒါပေါ့ သူတို့ စောစောစီးစီး ပြင်ဆင်မှုတွေ လုပ်ခဲ့တာပေါ့။

ရှရှီပေ နောက်ဆုံး နားလည်သွားသည်။

သူမသာ ချောင်ရန်ကျွယ်ကို မကယ်ခဲ့ရင် သူ လူအများကြီးနဲ့ ချရပြီး အရမ်း ဒဏ်ရာရသွားမှာ။

သူမရဲ့ အရင်ဘဝတုန်းက အခြေအနေအရ ချောင်ရန်ကျွယ် ဆေးရုံပေါ်မှာ နှစ်ဝက်လောက်နေလိုက်ရသည်။

သို့ပေမယ့် သူမ ဒီတစ်ကြိမ်မှာ ပေါ်လာမှတော့ သူမ သူ့ကံကြမ္မာကို ပြောင်းလိုက်သည်။

ထို့ကြောင့် သူ ဒဏ်ရာဆိုးဆိုးရွားရွားမရဘဲ သူမ အကူအညီနှင့် မြန်မြန် ပြန်ကောင်းသွားသည်။

သူ ပြန်ကောင်းတော့ အလုပ်စလုပ်လာသည်။

ရှရှီပေ စိတ်ရှုပ်နေပြီး ဘာပြောရမှန်းမသိတော့။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now