အပိုင်း ၁၃၉

2.3K 284 5
                                    

Unicode

- ခွေးနဲ့ကြောင် ရန်ဖြစ်

အကုန်လုံး ခွေးတွေနှင့် ကြောင်တွေက သဘာဝရန်သူတွေဆိုတာ သိကြသည်။

သို့ပေမယ့် ဘယ်သူကမှ ဒီနေ့ ရှိုးရှိမယ်လို့ ထင်မထားဘူး!

ကြောင်တစ်ကောင်နှင့် ခွေးတစ်ကောင်ရန်ဖြစ်ရင် ဘယ်သူကမှ ဘာမှမလုပ်နိုင်ဘူး။ သူတို့သွားပြီး ဝင်ဆွဲလို့ရတာလည်းမဟုတ်။

သူတို့မျက်နှာတွေ အကုတ်ခံရနိုင်တယ်! သို့ပေမယ့် ဘယ်သူကများ သူတို့အိမ်မွေးတိရစ္ဆာန်တွေ ရန်ဖြစ်နေတာကို ကြည့်ရက်မှာလဲ?!

"ရပ်တော့!"

"ရပ်!"

သနားစရာသခင်နှစ်ယောက်က အော်ပေမယ့် ရန်ဖြစ်တာကတော့ မရပ်။

ဟန်နီ အရမ်း စိတ်တိုနေသည်။

သူက ရှရှီပေရဲ့ တစ်ဦးတည်းသော ဘေဘီလေး! ဒီခွေးကောင်လေးက ဘယ်က ထွက်လာတာလဲ?!

သို့ပေမယ့် သူ့ခြေသည်းလက်သည်းတွေက လတ်တလောကမှ ညှိထားရလို့ စိတ်ထဲမကောင်း။

အရှူရာက အရွယ်ရောက်ခွေး အရပ်ရှည်ပြီး ဟန်နီနှင့် လုံးဝကွဲပြားသည်။ သို့ပေမယ့် ဟန်နီက အရမ်း ဒေါသထွက်နေတာကြောင့် အရှူရာမှာ ပြန်တိုက်ဖို့ အင်အားမရှိဘဲ သနားစွာဖြင့်သာ ဟောင်နေရတော့သည်။

သူ့သခင်လည်း ရင်ကွဲနာကျနေပြီ။

သူ့ရဲ့ အချစ်တော့ခွေးလေးက အရင်က ဒီလို အနိုင်ကျင့်မခံရဖူးဘူး!

'အရှူရာ ပြန်ကိုက်! မင်းနာမည်နဲ့ လိုက်အောင်တော့ နေလေကွာ!' သူ့ခေါင်းထဲတွေးနေမိသည်။

"ရပ်ကြစမ်း!" ရှရှီပေ ရှေ့ထွက်လာကာ အေးစက်စွာ အော်လိုက်သည်။

ကြည့်ရှုနေသူလူထုက မနေနိုင်ဘဲ ခေါင်းသာရမ်းလိုက်တော့သည်။

သူမ လူတွေကို စကားပြောနေတယ်ထင်နေတာလား? ကြောင်နဲ့ ခွေးက သူမပြောတာကို နားလည်ပါ့မလား?

သို့ပေမယ့် သူတို့ ရှေ့ကမြင်ကွင်းက အကုန်လုံးကို မှင်သက်သွားစေသည်။

တိရစ္ဆာန်တွေက တကယ်ဘဲ ရပ်သွားတယ်!

ဟန်နီ့လက်သည်းက အရှူရာ့ပေါင်နားတန့်သွားပြီး ခဏအကြာတော့ သူ့လက်သည်းကတောင့်သွားကာ ဖြည်းဖြည်းချင်း လက်ပြန်ယူလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now