အပိုင်း ၆၅

3.1K 403 3
                                    

Unicode

- ခေါ်ပုံခေါ်နည်း အမျိုးမျိုး

စုန့်ကျားရန် ကားထဲကို မြန်မြန်ဝင်လိုက်ပြီး သူမပါးပြင်က နှင်းဆီနီလို ရဲရဲလေး ဖြစ်နေတယ်။

ချောင်ရန်ကျွယ် အပြုံးက ညှို့ယူဖမ်းစားနိုင်လွမ်းလို့ သူမမှာ ခုခံဖို့ ခက်ခဲနေတယ်။

ဒါပေမယ့် ရှရှီပေနဲ့ ဒီလို ချောမောတဲ့ ယောက်ျားက ဘယ်လို ဆက်ဆံရေးရှိကြတာလဲ?

ရှရှီပေ စုန့်ကျားရန် ကားထဲကို လျှောလျှောရှူရှူ လျင်မြန်စွာ ဝင်သွားတာက်ို ကြည့်ပြီး စကားလုံးတွေ ပျောက်ရှနေတယ်။

သူမ ချောင်ရန်ကျွယ် သူမ(စုန့်ကျားရန်)ကို တစ်ယောက်ယောက်ဆီ ရောင်းစားလိုက်ဖို့ တကယ် ဆိုးဆိုးရွားရွား မျှော်လင့်သွားတော့တယ်။

စုန့်ကျားရန်ရဲ့ ယုံကြည်တဲ့အကြည့်နဲ့ ဆုံမိတော့ သူမမှာ ရွေးစရာမရှိ အံကြိတ်ပြီး ကားထဲဝင်ရပါတော့တယ်။

ကံ‌ေကာင်းတာက ချောင်ရန်ကျွယ်က အနောက်က ခုံတွေမှာ မထိုင်ဘဲနဲ့ ကားမောင်းတဲ့ဘေးက နေရာမှာ ထိုင်လိုက်တယ်။ ရှရှီပေ အဲ့တာကို မြင်လိုက်တော့ သက်ပျင်းချလိုက်ရတယ်။

ကားက အရှေ့ကို ဆက်သွားပြီး စုန့်ကျားရန် ရှရှီပေကို တိုးတိုးလေး ပြောလိုက်တယ်။ "နင်တို့ နှစ်ယောက် ဘယ်လိုသိကြတာလဲ?"

"တိုက်ဆိုင်လို့ပါ" ရှရှီပေ စိတ်လှုပ်ရှားခြင်းမရှိဘဲနဲ့ ဖြေလိုက်တယ်။

"သူက အရမ်း ကြည့်ကောင်းတယ်!" စုန့်ကျားရန် ပြောရင်း ပါးစပ်ကို လက်နဲ့ ပိတ်ကာ တစ်ခစ်ခစ်နဲ့ ရယ်တော့တယ်။

ရှရှီပေ အာစေးမိသွားတယ်။ သူမ စုန့်ကျားရန်က ဒီလို နှံ့တံ့တံ့ထဲက ဖြစ်မယ်လို့ ခုထိမထင်ထားမိဘူး!

ဒါ‌ေပမယ့် စုန့်ကျားရန် ယန်ရွှမ့်ကိစ္စတွေဆီကနေ ခွာနိုင်တာကိုဘဲ သူမ ဝမ်းသာပါတယ်။

သူမ စုန့်ကျားရန်နဲ့ သိတာ နှစ်ရက်ထက်မကျော်ပေမယ့်လည်း သူမက လူကောင်းဆိုတာ သိတယ်။

ဝပေမယ့်လည်း သူမက ရက်ရောပြီး သစ္စာရှိတာကြောင့် သူမနဲ့ လိုက်တယ်။ ပြီးတော့ သူမ တစ်ခြားကျောင်းသားတွေပြောတဲ့ မောက်မာပြီး ကြောက်စရာကောင်းတဲ့ အနိုင်ကျင့်တတ်တဲ့သူနဲ့ အရမ်းကွာခြားလွန်းတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now