အပိုင်း ၉၇

2.8K 352 1
                                    

Unicode

- ရလဒ်ကို ဆုံးဖြတ်ပြီးပြီ

ကျင်ယာကျန်းစကားတွေက အကုန်လုံးကို မင်သက်စေတယ်။

ရှချင်းဟန်တို့ သုံးယောက်နဲ့ ဒီဒရာမာက ဆိုင်တာလား?

ရှချင်းဟန်တို့ သုံးယောက်လည်း ကျင်ယာကျန်းရဲ့ ရုတ်တရက် ပေါက်ကွဲမှုကြောင့် အံ့ဩလွန်းပြီး စကားမပြောနိုင်အောင် ဖြစ်သွားတယ်။

ဒီအရူးက ဘာလို့ ဒီကိစ္စကို လာဖော်နေတာလဲ?

ဒါပေမယ့် ကျင်ယာကျန်းဘာပြောပြော သူတို့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။

"နင် ဘရုတ်သုတ်ခတွေ ပြောနေတာ!" လျိုကျီကျင်း မြန်မြန် တုန့်ပြန်လိုက်တယ်။ သူမ အရှေ့ကိုချက်ချင်းတိုးလိုက်ပြီး သူမမျက်‌နှာပေါ်မှာလည်း ဒေါသအပြည့်။ "နင် မှားတာလုပ်တာလေ နင် ဘာလို့ ငါတို့ကို သပုပ်လေလွင့်ပြောရဲရတာလဲ!"

ထောင်ယွယ်ယင်း ထည့်ပြောလိုက်တယ်။ "ဟုတ်တယ်! ငါတို့နဲ့ ဘာဆိုင်လို့လဲ? နင်က ငါ့လက်ကောက်ကို ခိုးတဲ့သူဘဲ!"

ရှချင်းဟန် အကူအညီမဲ့နေပုံရပြီး စိတ်သောက ရောက်နေပုံရသည်။ "ကျင်ယာကျန်း နင် ငါတို့ကိုပါ နွံထဲဆွဲခေါ်ဖို့ လုပ်နေတာလား?"

သူတို့ သုံးယောက် အမူအရာက ကြည့်ရှူသူတွေကို ချီတုံချတုံဖြစ်စေတယ်။

ဘယ်သူက အမှန်ပြောနေတာလဲ?

ရှရှီပေ မာနထောင်လွှားပြီး အထင်သေးတဲ့ အပြုံးပြုံးလိုက်တယ်။ "ဆရာ ကိစ္စတွေက မြင်ရသလောက် မရိုးရှင်းဘူးထင်တယ်!"

စည်းကမ်းရေးဆရာရဲ့ အမူအရာက လုံဝ မည်းမှောင်သွားတယ်။

သူ ဒီကိစ္စတွေက ဒီလို ဖြစ်လာမယ်ထင်မထားဘူး။

"မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့!"

သူ အရမ်း ဒေါတကြီးဖြစ်နေတယ်။

"ဆရာ!" ရှချင်းဟန်တို့ သုံးယောက်လုံး တူတူအော်လိုက်တယ်။ "သမီးတို့ မမှားဘူး!"

"သူတို့မှား မမှားဆိုတာ သက်သေအပေါ်  မူတည်တယ်" ရှရှီပေ ‌ဖြည်းဖြည်းချင်းပြောလိုက်တယ်။ "ဆရာသမီးတော့ ဒီကိစ္စကို သေသေချာချာ စစ်‌ေဆးရမယ်လို့ ထင်တယ် သူတို့သာတကယ် စွပ်စွဲခံရရင် စွပ်စွဲတဲ့သူကို အပြစ်ပေးရမယ် ဒါပေမယ့် အဲ့တာသာ အမှန်ဆိုရင်...."

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now