အပိုင်း ၁၅၂

1.7K 194 2
                                    

-သေသေချာချာပြော

ရှရှီပေ ချောင်ရန်ကျွယ်၏ အမူအရာကို ဂရုမစိုက်။

သူမအတွက် ချောင်ရန်ကျွယ်နှင့် ပတ်သက်မိတာက မတော်တဆပင်။ ကိစ္စပြီးတော့ သူတို့နှစ်ယောက်အတွက် ဆက်ပတ်သက်နေစရာမလိုတော့။

သူတို့နှစ်ယောက်က တစ်ကမ္ဘာတည်းကမဟုတ်။

ပြီးနောက် သူမ ချောင်မိသားစုဝင်တစ်ချို့ကို ဖြည်းဖြည်းချင်းရန်ဆောင်နေ‌ပြီး သူမသာ ချောင်ရန်ကျွယ်နှင့် အရမ်းနီးကပ်နေရင် နောက်ကျရင် ရှက်စရာတွေ ဖြစ်ကုန်မှာပင်။

"တကယ်တော့ အရင်ကဖြစ်တဲ့ဟာတွေကို ရှင်စိတ်ပူစရာမလိုဘူး" ရှရှီပေ၏ စိတ်ဓာတ်က အရမ်းရိုးသားနေသည်။ "ကျွန်မ ရှင့်ကို ကူပေမယ့် ရှင်လည်း ကျွန်မကို ပြန်ဆပ်တာဘဲ အဲ့တာကြောင့် ကျွန်မတို့ကျေသွားပြီ"

သူမ ပြောပြီးသည်နှင့် ချောင်ရန်ကျွယ်၏ မျက်နှာက အေးသထက်အေးလာသည်။

သို့ပေမယ့် ရှရှီပေ သူ၏ မှုန်သုန်နေသော အမူအရာကို မကြောက်။

ဒီနေ့ခေတ် ချောင်ရန်ကျွယ်က အရမ်းနူးညံ့နေပြီး နောက်နှစ်အတောအတွင်းက ရက်စက်ပြီး အေးစက်သော သခင်ကျွယ်နှင့် မယှဉ်နိုင်။

ပြီးနောက် သူမ သူ့ကို အရင်က ကယ်ဖူးပြီး သူနှင့် အဆက်အဆံရှိတာကြောင့် သူ သူမကို အန္တရာယ်ပြုမည်တော့မဟုတ်။

"ကျွန်မ ရှင် အလုပ်များတဲ့လူဆိုတာကို သိတယ် ရှင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကျွန်မအပေါ် သုံးဖို့ မလိုဘူး"

"ကိုယ် မင်းအပေါ် အချိန်မသုံးပါဘူး" ချောင်ရန်ကျွယ် အေးစက်စွာ ပြောလိုက်သည်။

"အို့ အဲ့တာဆို ကျွန်မတောင်းပန်ပါတယ် ကျွန်မကဘဲ တစ်ဖက်သတ်ထင်နေတာ မှတ်တယ်" ရှရှီပေ သူမလေသံကို ပြောင်းလိုက်သည်။ "ဘယ်လိုဘဲ နေနေ ကျွန်မရှင့်ရဲ့ အချိန်ကို မဖြုန်းချင်ဘူး မစိုးရိမ်ပါနဲ့ ကျွန်မ အိမ်ကို ရှာနေပြီ ကျွန်မ ရှင့်အလုပ်ကို ပြဿနာမဖြစ်စေရပါဘူး"

"ကိုယ် မင်းကို အိမ်အတွက် ချဉ်းကပ်နေတယ်လို့ မင်းထင်နေတာလား?" ချောင်ရန်ကျွယ် ဒေါသထွက်စွာ အော်လိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now