အပိုင်း ၁၉၈

356 43 1
                                    

ပိုင်မေရွှယ်၏ အာမခံမှုတွေကြောင့် ရှချင်းဟန် ရှရှီပေနှင့် တွေ့သည့်အချိန် မူမပျက်နေနိုင်တော့သည်။

သူတို့က အဆင့်အတန်းမတူတာကြောင့်မလို့ မတူညီတဲ့ အလုပ်တွေရမှာပဲ သူတို့ရဲ့ အလုပ်လမ်းကြောင်းတွေက မတူနိုင်ဘူး!

ထိုအတွေးဖြင့် သူမ ဂီတအတန်း၏ အပြင်ဘက်တွင် ရှရှီပေကို တောက်ပသော အပြုံးတို့ဖြင့် ပြုံးပြလိုက်သည်။

"ငါတို့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမယ်မထင်ထားဘူး!"

"ဟုတ်တယ် ငါလည်းမထင်ထားဘူး" ရှရှီပေလည်း ပြုံးလိုက်သည်။

"ကောင်းလိုက်တာ ငါတို့တူတူ ကြိုးစားလို့ရတာပေါ့" ရှချင်းဟန် အားပါးတရပြုံးလိုက်သည်။

"မလိုပါဘူး"

ထိုစကားတွေက ရှချင်းဟန်မျက်နှာပေါ်က အပြုံးတို့ကို ရပ်တန့်သွားစေသည်။

"ဘာ...ပြောလိုက်တာလဲ?"

"ငါက စိတ်ထားသေးတယ်နော်" ရှရှီပေ၏ အပြုံးတွင် မနှစ်မြို့မှုတို့ မပါပေမယ့် သူမစကားလုံးတွေက မလှပနေ။ "နင် ငါ့ကို အဲ့နေ့ကအတွက် မတောင်းပန်ရသေးဘူး ငါလည်း နေရခက်တယ် အဲ့အကြောင်းကို အကြောင်းအမျိုးမျိုး‌ေကြာင့်စိတ်ထဲက ထုတ်မရဘူးဖြစ်နေတာ အဲ့‌တာကြောင့်...နင်နဲ့ တူတူကြိုးစားဖို့ ခက်လိမ့်မယ်"

ရှချင်းဟန်၏ အပြုံးတို့ ပျောက်ကွယ်သွားကာ အနည်းငယ် ကသိကအောက်ဖြစ်သွားပုံပင်။

"အင်း...အဲ့တုန်းက ငါ တကယ်ဖျားနေလို့ပါ အဲ့တာကြောင့်..."

"ဒါပေမယ့် အခုက အကောင်းကြီးနော်" ရှရီပေ သူမကို ကြားဖြတ်ပြောလိုက်သည်။ "နင် နေကောင်းသွားရင်တောင် တောင်းပန်လို့မရဘူးလား?"

ရှရှီပေ ပခုံးတွန့်ကာ ခေါင်းရမ်းလိုက်သည်။ "နင် ငါ့ကို မတောင်းပန်ခင် နင်နဲ့ တူတူမကြိုးစားနိုင်ဘူးလို့ စိတ်မကောင်းစွာနဲ့ ကြိုပြောမယ်နော်!"

သူမပြောပြီးသည်နှင့် ရှရှီပေ လှည့်ကာ ထွက်သွားတော့သည်။

ရှချင်းဟန် သူမထွက်သွားတာကိုကြည့်ပြီး သူမခေါင်းပေါ် တိမ်မည်းတို့အုံ့မိုးလာကာ သူမ၏ မျက်နှာက လွန်စွာ အကျည်းတန်နေသည်။

ရက်စက်သောနတ်ဘုရားမΌπου ζουν οι ιστορίες. Ανακάλυψε τώρα