အပိုင်း ၁၇၈

1K 114 0
                                    

- စီအီးအိုချောင် ရောက်လာပြီ

အားလုံး သူတို့ခေါင်းကို လှည့်ပြီးကြည့်လိုက်တော့ အံ့ဩကုန်ကြသည်။

လူအများကြီး တံခါးကနေ ဝင်လာခဲ့ပေမယ့် အကုန်လုံး ပထမဆုံးမြင်သည့်သူက အလယ်တွင် ဝန်းရံခြင်း ခံထားရသည့် အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားပင်။

ထိုယောက်ျားက ပိန်ပါးကာ ချောမောသော မျက်နှာရှိသည်။ သူ့မျက်နှာတွင် အေးစက်မှုန်သုန်သော အမူအရာရှိနေပြီး သူ့ဘေးပတ်လည်တွင် ထင်ရှားသော အရောင်အဝါရှိနေသည်။

သူ ထိုကဲ့သို့ဝင်လာသည်က လူအများ၏ မျက်လုံးများကို တောက်ပသွားစေပေမယ့် ဘယ်သူကမှ သူ့မျက်လုံးကို တိုက်ရိုက်မကြည့်ရဲ။

ရှရှီပေ အံ့ဩစွာဖြင့် မျက်ခုံးပင့်လိုက်သည်။

ချောင်ရန်ကျွယ်? သူက ဘာလို့ ဒီကို ရောက်နေတာလဲ?

ရှရှဟိုင်လည်း ချောင်ရန်ကျွယ်ကို မသိပေမယ့် ချောင်ရန်ကျွယ်နောက်က သက်လတ်အရွယ်ယောက်ျားကိုတော့ သိသည်။

"ဘော့စ်ဖုန်း? ဘာလို့ ဒီကို ရောက်နေတာလဲ?"

ဘော့စ်ဖုန်းတွင် ဗိုက်ပူပူကြီးရှိနေပြီး သူ့မျက်နှာက စိတ်တိုနေသလိုပင်။ "ရှရှဟိုင် ငါတို့သာ ဖုန်းလက်ခံမရခဲ့ရင် မင်း ဒါကို လူမသိအောင် အမှောင်ထဲမှာဘဲ ထားနေတော့မှာမလား?"

ရှရှဟိုင် တုန်လှုပ်စွာ စကားတွေ ထစ်လာသည်။ "ဘော့စ်ဖုန်း...ဘာ....ဘာကို ဆိုလိုတာလဲ?"

"ငါ ဘာကိုဆိုလိုတာလဲဟုတ်လား?" ဘော့စ်ဖုန်း နှာမှုတ်လိုက်သည်။ "မင်းလုပ်ခဲ့တာကို မင်းအသိဆုံးဖြစ်မှာပါ!"

သူ ရှရှဟိုင်နှင့် လျိုလီရှင်းကို ကြည့်လိုက်ကာ ချောင်ရန်ကျွယ်ကို ရိုသေလေးစားစွာ ကြည့်လိုက်သည်။ "စီအီးအိုချောင်...."

စီအီးအိုချောင်?

ရှရှဟိုင် အသက်ပြင်းပြင်းရှူလိုက်သည်။

ရှရှဟိုင် သူတို့ကုမ္ပဏီက ချောင်အုပ်စု၏ ကုမ္ပဏီခွဲတစ်ခုပင်။

ထို့ကြောင့် ဤစီအီးအိုချောင်က ချောင်မိသားစုထဲက အရေးကြီးသော သူတစ်ယောက်ဖြစ်ရမည်!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now