ဆေးလိပ်မသောက်နဲ့

3.6K 451 3
                                    

Unicode

ချောင်ရန်ကျွယ် ကိစ္စပြီးတော့ ရှရှီပေ ပင်ပန်းပြီး အိပ်ပျော်သွားသည်။

သူမနိုးတော့ နေ့လည် သုံးနာရီ ရောက်နေပြီ။

သူမ အချိန်ကို ကြည့်ပြီး ရှော့ရသွာသည်။

ဒုတိယပိုင်းအချိန်တောင် ရောက်နေပြီ!

သူမ ပထမတော့ တစ်ရက် ခွင့်တိုင်မလို့ ဒါပေမယ့် သူမ ဒီနေ့ စုန့်ကျားရန်နဲ့ တွေ့ရမှာ ဖြစ်သည်။ သူမ လူလုံးထွက်မပြရင် စုန့်ကျားရန် ဒေါသထွက်နေမှာ မဟုတ်ဘူးလား?

သူမ ရှင်းလင်းပြီး အိပ်ရာက ထလိုက်သည်။

သူမ ထလိုက်ရာတွင် ချောင်ရန်ကျွယ် ဝင်လာခဲ့သည်။

"မင်း ဘာလုပ်နေတာလဲ?"

"ကျောင်းကို ပြန်သွားမလို့" ရှရှီပေ ဗိုက်ကို ပွတ်လိုက်သည်။ သူမ တော်တော် နေလို့ ကောင်းနေပြီ

သူမ နည်းနည်း နာနေပေမယ့်လည်း အရင်ကထက်တော့ ကောင်းနေပါပြီ ပြီးတော့ သူမ လှုပ်နိုင်နေပြီ

"မင်း တစ်ရက်ခွင့်မတိုင်ခဲ့ဘူးလား?"

ချောင်ရန်ကျွယ် သူမကို အလိုမကျသလို ကြည့်လိုက်သည်။ သူမ အခုမှတော့ ကျောင်းကို ဘာလို့ သွားနေမှာလဲ?

"ကျွန်မမှာ လုပ်စရာရှိတယ်" ရှရှီပေ ပြန်ပြောလိုက်သည်။ "ဟုတ်ပြီ ကျွန်မ သွားတော့မယ်"

"ကိုယ် မင်းကို လိုက်ပို့ပေးမယ်"

ချောင်ရန်ကျွယ် စကားတွေက သူမကို အံဩစေတယ် "ရှင်ကျွန်မကို လိုက်ပို့မယ်?"

"ဘာလို့လဲ ကြောက်လို့လား?"

"ကျွန်မက ဘာလို့ မလုပ်ရဲရမှာလဲ ရှင်က ကျွန်မကို ကိုက်စားမှာမလို့လား?"

ဒီနေ့ ချောင်ရန်ကျွယ်က ထူးဆန်းနေပြီး မာစတာကျွယ်လို အထက်စီးဆန်ပြီး မာနထောင်လွှားမှုကို မတွေ့ရပေမယ့်လည်း ရှရှီပေ သူ့ စိတ်ဓာတ်ကို သံသယမဝင်ဘူး။

"ကိုယ့်နောက်က လိုက်ခဲ့" ချောင်ရန်ကျွယ် အပြုံးလေးနဲ့ ပြောလိုက်သည်။

ရှရှီပေ ပုခုံးတွန့်ပြပြီး နောက်က လိုက်သွားသည်။ 
ဟော်ကျီကျွင်း ထွက်လာပြီး ဆေးထုပ်အကြီးကြီးကို ပေးလိုက်သည်။ "ဒါက မင်းလိုချင်နေတဲ့ ဆေးတွေဘဲ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now