အပိုင်း ၆၄

3.3K 404 4
                                    

Unicode

-သူက လူဆိုး မဟုတ်ဘူး

ဖွီးးး_____

အနောက်မလှမ်းမကမ်းကနေ ရပ်နေတဲ့ ဘော်ဒီတွေက ရယ်သွမ်းကုန်ကြတယ်။

ချောင်ရန်ကျွယ် မျက်နှာက အုံ့မှိုင်းသွားတယ်။

"မင်း ဘာပြောလိုက်တာလဲ?"

သူ ရှရှီပေကို ကြည့်ပြီး သူမတင်ပါးကို ခပ်စပ်စပ်လေး ရိုက်ချင်စိတ်ကို ထိန်းကာ အံကြိတ်ပြီး ပြောလိုက်တယ်!

သူမက သူများတွေကို ဘာအဓိပ္ပာယ်မရှိတာတွေ ပြောထားတာလဲ?!

ရှရှီပေ စုန့်ကျားရန်ကို ဒါကြီးကို ရှင်းရှင်းလင်းလင်းမှတ်မိနေမယ် ဒါမှမဟုတ် ဒီလိုအချိန်ကြီးမှာ ထုတ်ပြောလိမ့်မယ် မထင်ထားဘူး။

သူမ အနေခက်သလို ဖြစ်သွားတယ်။ ခြောက်သွေ့သွေ့ ရယ်လိုက်ကာ သူမ စုန့်ကျားရန်ကို ပြောလိုက်တယ်။ "ဟားဟား... နင်မှားနေပြီ အဲ့တာ သူမဟုတ်ဘူး..."

"အို့တစ်ခြား မစ္စတာ ချောင်ပေါ့!" စုန့်ကျားရန် ရုတ်တရက် သဘောပေါက်သွားတယ်။ "ဒီမစ္စတာချောင်နဲ့ ငါတို့ကို အစာပို့ပေးတဲ့ မစ္စတာချောင်နဲ့က တစ်ယောက်တည်း မဟုတ်ဘူးပေါ့!"

ရှရှီပေ နှုတ်ခမ်းတွန့်သွားပြီး ချောင်ရန်ကျွယ်ကို ခိုးတောင် မကြည့်ရဲတော့ဘူး။

ချောင်ရန်ကျွယ် မျက်နှာက လုံးဝ မည်းမှောင်သွားတော့တယ် ဘာလို့လဲ‌ဆိုတော့ သူက သူတို့ကို ‌မနေ့က အစာပို့တဲ့ မစ္စတာချောင်မလို့ဘဲ!

ရှရှီပေ သူ့ကို ဒီလိုပြောမယ်မထင်ထားဘူး!

ရှရှီပေ ချောင်ရန်ကျွယ် မျက်လုံး‌ေတွက လူသတ်ချင်တဲ့ အရိပ်အယောင်ကိုာခံစားမိနေလို့ ကျောရိုးထဲကနေ အေးစိမ့်မှုတို့ကို ခံစားလိုက်တယ်။

သူမရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်တယ်။ "ဟုတ်ပြီး ငါတို့ မြန်မြန်ပြန်ရအောင် အခုကို နောက်ကျနေပြီ အို့ နင့်ရဲ့ ဒရိုက်ဘာက ဘယ်မှာလဲ?"

စုန့်ကျားရန် ဖုန်းရှာဖို့ ဟိုနှိုက်ဒီနှိုက်လုပ်လိုက်တယ်။ "ငါ အခုဘဲ သူ့ကို လာခိုင်းလိုက်မယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now