အပိုင်း ၁၅၈

1.6K 179 1
                                    

-လေချွန်ခြင်း

ကျင်ယာကျန်း၏ သူမအပေါ်နာကျည်းမှုနှင့် မနေ့က ဖြစ်ခဲ့သည့် အ‌ေကြာင်းကိုတွေးပြီး ရှရှီပေ သူမကိုယ်သူမ အရမ်းကြင်နာလွန်းသည်ဟု ခံစားရသည်။

သူတို့နှစ်ဖက်က ရန်သူဖြစ်ရမယ့် ကံဇာတာပါနေမှတော့ သူမက ဘာလို့ အလျှော့ပေးနေရတော့မှာလဲ? သူမကိုယ်သူမ ပြဿနာကို လက်ယပ်ခေါ်နေရတာနဲ့မတူပေဘူးလား?

ထန်လော် tablet ကို ယူကာ စတင် နှိပ်တော့သည်။

မကြာမီပင် ရှရှီပေ နားမလည်သော အရာများပေါ်လာသည်။

ရှရှီပေ ပခုံးတွန့်လိုက်သည်။

သူမ လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ များများစားစားမသိ အနည်းဆုံးတော့ ထန်လော်လောက်မသိ။ သူမ သာမန်ဆို ဘယ်လို သုံးရမလဲသိပေမယ့် ပိုအဆင့်မြင့်သည့်ကိစ္စများအတွက် ကျွမ်းကျင်သည့်သူများကိုဘဲ ကိုင်တွယ်ခိုင်းသည်။

မကြာမှီပင် ထန်လော် ရှရှီပေ ရှာခိုင်းသော လူ၏ အကောင့်ကို ရှာတွေ့လိုက်သည်။ အကောင့်က မကြာမကြာ အသုံးပြုသည်မဟုတ်။

"ဒါတွေကို ပို့လိုက်"

ရှရှီပေ ဗီဒီယိုတွေ အများကြီးရှိသည့် အကောင့်တစ်ခုကို ပြလာသည်။

ထန်လော် တစ်ချက်ကြည့်လိုက်ပြီး မှင်သက်သွားသည်။

သူတို့က ကျင်ယာကျန်းနှင့် ယန်ရွှမ်ပင်။

သူ မနေနိုင်ဘဲ ရှရှီပေကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

"ဒီလူက ကျင်ယာကျန်းရဲ့ စပွန်ဆာ"

"စပွန်ဆာ?" ထန်လော် ရှော့ရသွားသည်။

သူတို့ဘေးက လူတွေ အကုန်လုံးသာ စာဖတ်မနေက်ု သူတို့ လှုပ်ရှားမှုတွေက အခြားသူတွေကို ဆွဲဆောင်ပြီးနေပြီ။

ရှရှီပေ ခေါင်းငြိမ့်ကာ သူမအမူအရာက တည်ငြိမ်ဆဲပင်။

"ကျင်ယာကျန်းမှာ ယန်ရွှမ်တစ်ယောက်တည်း ရှိတာမဟုတ်ဘူး"

ယန်ရွှမ်က သူငါးရံ့နှစ်ကောင်ဖမ်းတာကို ဂုဏ်ယူနေတာပင်။

သို့ပေမယ့် သူမသိတာက ကျင်ယာကျန်းလည်း လူကောင်းတော့မဟုတ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now