အပိုင်း ၁၀၈

2.7K 297 2
                                    

Unicode

- အကူအညီတောင်းနိုင်တယ်

ရှည်လျားပြီး အိပ်မပျော်တဲ့ည တစ်ညပြီးသည်နှင့် ထောင်ယွယ်ယင်း အရမ်းချုံးချုံးကျနေသည့် အခြေအနေတွင် ရှိနေသည်။

သူမ ရှရှီပေကို မြင်တော့ သူမမျက်နှာပေါ်က အကြည့်က ချက်ချင်းလက်ငင်းပြောင်းသွားပြီး သူမမျက်လုံးများက မုန်းတီးခြင်းတို့ ပြည့်နှက်သွားသည်။

ရှရှီပေသာ အရှုပ်ထုပ်တွေ မလုပ်ခဲ့ရင် သူမအဖေက အခုချိန် ပြဿနာထဲ ရောက်နေမှာမဟုတ်ဘူး!

ထိုဟာကို တွေးပြီး သူမ ရှရှီပေကို ခပ်ကြမ်းကြမ်းလေး ပါးကို တစ်ချက်လောက်ရိုက်ချင်စိတ်ကို ထိန်းထားရသည်။

သို့ပေမယ့် သူတို့ဘေးတွင် ကျောင်းသူကျောင်းသားတွေ အများကြီးရှိနေသည်။ သူမ ဘာ်လောက် ဒေါသထွက်နေထွက်နေ သူမ ထိန်းထားရမည်ပင်။

သူမ မရွေ့ပေမယ့် ရှရှီပေ သူမဆီကို မထင်မှတ်စွာ ရောက်လာသည်။

"နင် မနေ့ညက‌ ကောင်းကောင်း မအိပ်ရဘူးလား?" သူမ ထောင်ယွယ်ယင်းနှင့် ရင်းနှီးသလို အပြုံးလေးနှင့်မေးလိုက်သည်။ "အို့ နေဦး မန်နေဂျာထောင်က နင့်အဖေမလား? တိုက်ဆိုင်လိုက်တာ!"

"အရူးလုပ်နေတာတွေရပ်လိုက်!" ထောင်ယွယ်ယင်း အံကြိတ်လိုက်ပြီး သူမမျက်လုံးတွေက နာကျည်းမှုတွေနှင့်ပြည့်နေသည်။ "အဲ့တာ နင့်ကြောင့်!"

"ငါကြောင့်?" ရှရှီပေ ရှော့ရပုံပေါ်ပြီး ဇဝေဇဝါဖြစ်နေသည်။ "နင် ဘာပြောချင်တာလဲ? ငါ တစ်ခုခုအမှားလုပ်မိလို့လား?"

သူမ၏ အပြစ်ကင်းသည့်အကြည့်ကို ကြည့်လိုက်ပြီး ထောင်ယွယ်ယင်း၏ ရင်တွင်းအမုန်းတို့က ပိုကြီးမားလာသည်။

"နင် ဂျီအမ်လီရှေ့မှာ ဗရုတ်သုတ်ခတွေ ရောက်ပြောတာလေ!"

"ထူးဆန်းလိုက်တာ ငါ ဘာဗရုတ်သုတ်ခပြောလို့လဲ?" ရှရှီပေ မျက်လုံးဖွင့်လိုက်ပိတ်လိုက်ဖြင့် စိတ်ရှုပ်နေသည်။ "ငါ မနေ့က ပြောခဲ့တာတွေက အမှန်တွေဘဲ! နင် ပြောကြည့်လေ ငါ ပြောတဲ့ ဘယ်ဟာက ဗရုတ်သုတ်ခလဲဆိုတာ? နင် ငါ့ကို နင့်လက်ကောက်ခိုးတယ်ဆိုပြီး မစွပ်စွဲဘူးလား? ဒါမှမဟုတ် ငါ နင့်ကို အမှားလုပ်မိလို့လား?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now