အပိုင်း ၁၇၅

1.1K 140 0
                                    

- ကံကြမ္မာကို ငိုကြွေးခြင်း

လျိုလီရှင်းနှင့် ရှရှဟိုင်တို့ကို အထဲတွင် စစ်ဆေးဖို့ ခေါ်သွားကြသည်။ ရှရှီပေကတော့ အပြင်တွင် စောင့်ရင်း ကျန်ရစ်ခဲ့သည်။

ကျန်သည့်လူတွေက သူမနား ဝိုင်း‌ေနကြသည်။ ပူပန်ပြိး ဆူညံကာ သူမကို ဒီနှစ်တွေထဲ သူမဘဝအကြောင်းကို စတင် မေးမြန်းလာကြသည်။

သူတို့ထဲက သတင်းထောက်တစ်ယောက်တောင် မြန်မြန်လာနေသည်။

ရှရှီပေက အသက်ကယ်သည့် ဟီးရိုးဆိုတာသိပြီး သတင်းထောက်က သူမနားကို ကပ်ကာ မှတ်တမ်းတင်ဖောင်တိန်တောင် အဆင့်သင့်ပြင်ထားသည်။

လူတွေက ဒီနေ့ခေတ်တွေမှာ လူသတ်သမားအကြောင်း စိတ်မဝင်စားတော့ဘဲ သူရဲကောင်း ကိစ္စတွေကိုသာ နှစ်သက်လာကြသည်။

ဤကောင်မလေးက လှပပြီး သတ္တိရှိတာကြောင့် သူမက လူများကို ဆွဲဆောင်နိုင်စေမှာဘဲ!

သူ တွေးပြီးတော့ ထိုင်နေသည့်ပုံကို လေးနက်သည့်ပုံ ပြင်လိုက်သည်။

ရှရှီပေ စိတ်ပူနေသော လူထုရှေ့တွင် ရှက်ရွံ့သော အပြုံးဖြင့် ဒီနှစ်တွေထဲက သူမ ဘဝအကြောင်းကို ပြန်ပြောလိုက်သည်။

လူအများကြီးက ရှရှီပေဘေးတွင် ဝန်းရံကာ သူမ ထိုကိစ္စများကို ရှင်းပြတော့ အချိန်အမျှ အာမေဋိတ်အသံများ ထွက်လာကြသည်။

ဇာတ်ကြောင်းတစ်ခုလုံးကို သိပြီးတော့ သူတို့ မနေနိုင်ဘဲ ခေါင်းသာ ရမ်းရတော့သည်။ သူတို့နှလုံးသားတွေက သူမအတွက် ပိုပြီး နာကျင်လာရသည်။

သူမ အသက်ရှစ်နှစ်မပြည့်ခင် ကလေးမလေးကို သူမမိဘတွေက မချစ်ကြ။ သူမ ရှစ်နှစ်ပြည့်တော့  သူမမိဘတွေ ကွာရှင်းကြပြီး သူမမှာ အခွင့်အရေး မရှိစွာဖြင့် သူမ အဖွားနှင့်သာနေရသည်။

သူမ ဆယ်ကျော်သက်အရွယ်ရောက်တော့ သူမ အဖွားက ဆုံးသွားသည်။ သူမ မိဘတွေက တစ်လကို ယွမ်တစ်ရာ နှစ်ရာလောက် ပေးတာကြောင့် သူမ နေ့တိုင်း အလုပ်လုပ်ရ‌သည်။

အရင်လက သူမမိဘတွေက သူမက ဝန်တစ်ခုလို့ ခံစားရ‌တာကြောင့် သူမနှင့် အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now