အပိုင်း ၉၅

2.7K 343 2
                                    

Unicode

- ဆက်လက်ရှာဖွေခြင်း

နောက်ဆုံးရလဒ်ကတော့ အံ့ဩစရာမရှိပါဘူး။

ရှရှီပေ လွယ်အိတ်ကို အတွင်းအပြင် အကုန်လှန်လှောပေ‌မယ့် ထောင်ယွယ်ယင်းလက်ကောက်ကို ခုထိရှာမတွေ့သေး။

ထောင်ယွယ်ယင်းတို့ အုပ်စုမျက်နှာက ပိုပြီး အခြေအနေဆိုးလာတယ်။

"ဘယ်လိုလဲ? ဆက်ရှာချင်သေးလား?" ရှရှီပေ သူမလွယ်အိတ်ကို ပုတ်လိုက်တယ်။ "ဒါမှမဟုတ် ငါတို့ ကပ်ကြေးနဲ့ညှပ်ကြမလား အနားသပ်တွေထဲမှာ တစ်ခုခုရှိနေနိုင်တာဘဲ"

ဒီကမောက်ကမမှတ်ချက်က ကောင်မလေး သုံးယောက်လုံးကို ပိုပြီး အကျည်းတန်သွားစေတယ်။

ဒါပေမယ့် သူတို့ ဘာမှပြောစရာမရှိ‌။

"ဒါဆို ငါ့နာမည်ကို အခုရှင်းလို့ရပြီလား?" ရှရှီပေ ဘေးဘီကို ကြည့်လိုက်တယ်။

"ရတာပေါ့!" ထန်လော် ခေါင်းငြိမ့်လိုက်တယ်။

အကုန်လုံးက ဘာမှမပြောရဲပေမယ့် ထန်လော်တစ်ယောက်တည်းသာ အရင်ကအတိုင်း တည်ငြိမ်နေတယ်။

"သက်သေမရှိမှတော့ နင်က အပြစ်ကင်းတာဘဲ"

"ဒါဆို ငါတို့ သဘောတူထားတဲ့အတိုင်း ဆက်သွားကြမလား?" ရှရှီပေ သူတို့သုံးယောက်ကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။

"ဟုတ်တာပေါ့ ငါတို့ ဆက်သွားရမှာပေါ့" ထန်လော် သဘောတူလိုက်တယ်။ "ဆရာက ဒီကိစ္စကို ဒီတိုင်းထားလိုက်မှာတော့ မဟုတ်ဘူးမလား? ကျွန်တော်သာ လူတွေကို အမှားလုပ်မိရင် ကျွန်တော် တောင်းပန်မှာဘဲ!"

‌စည်းကမ်းရေးဆရာက နည်းနည်း စိတ်ရှုပ်နေပုံပေါ်တယ်။

ရှရှီပေ မခိုးတာက ကောင်း‌တဲ့အရာဘဲလေ။

"ငါတို့ အရင်က ပြောထားတဲ့အတိုင်း လုပ်မယ်"

စည်းကမ်းရေးဆရာက ရှချင်းဟန်အပါအဝင် သုံးယောက်ကို ကြည့်လိုက်တယ်။ "ငါတို့ လက်ကောက်ကို မရှာနိုင်မှတော့ ဒီကိစ္စက ကျောင်းသူ ရှနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အဖြေပေါ်နေပြီဘဲ ဒါကြောင့် မင်းတို့သုံးယောက် သူမကို တောင်းပန်ရမယ်!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now