အပိုင်း ၉၁

2.7K 349 6
                                    

Unicode

- ချောက်ချခြင်း (၈)

"မရဘူး!"

ရှရှီပေ ချက်ချင်း ငြင်းလိုက်တယ်။ "သမီး သဘောမတူနိုင်ဘူး!"

ထန်လော်လည်း သူမပြောတာကို ထောက်ခံတဲ့ အနေနဲ့ ခေါင်းငြိမ့်လိုက်တယ်။ "ဆရာ ကျောင်းသူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို ဒီလိုလွယ်လွယ်နဲ့ ရှာတာ ကောင်းတဲ့ အကြံမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

စည်းကမ်းရေးဆရာ ဘာမှ မပြောခင် ရှချင်းဟန် ထပ်ပြောလိုက်တယ်။ "သင့်တော်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သမီးတို့သိပါတယ် ဒါပေမယ့် သမီးတို့မှာ တခြားရွေးချယ်စရာ မရှိဘူး"

"နင့်စကားတွေက ရယ်စရာကောင်းတာဘဲ" ရှရှီပေ ကောင်မလေးတွေကို အေးစက် သံယောဇဉ်ကင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ "နင်တို့ ပစ္စည်းပျောက်လို့ ငါ့ကို လာရှာနေတယ် ဘာလို့ သူမကို အရင်မရှာရတာလဲ?"

သူမ ကျင်ယာကျန်းကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။ "သူမက ငါ့ကို ခိုးတယ်ဆိုပြီးစွပ်စွဲတယ် တကယ်တော့ သူမကသာ ခိုးတဲ့လူ သူတို့ နှစ်ယောက်ပေါင်းနေတယ်ဆိုတာလည်း ငါမြင်နေတာကို ဒါက သူမကို သံသယမဖြစ်စေဘူးလား? နင်တို့ ဘာလို့ သူမကို အရင်မမေးရတာလဲ?"

ကျင်ယာကျန်း ရှရှီပေ သူမကို ခေါ်လိုက်တော့ ခြေစောင့်လိုက်တယ်။

"ဘယ်သူက ခိုးတာလဲ နင့်မှာ ဘာသက်သေရှိလို့လဲ?!"

"ငါ အရင်က အလုပ်လုပ်တဲ့နေရာမှာ သူမက ငါတို့ ကြီးကြပ်မှူးရဲ့နာရီကို ခိုးခဲ့တာ" ရှရှီပေ သူမကို ချောက်ချားစရာကောင်းတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

"ဟေး!"

ကျင်ယာကျန်းမျက်နှာပေါ်က အကြည့်က ပြဇာတ်ဆန်တဲ့ အပြောင်းအလဲကို တောင့်ခံထားတယ်။

ရှရှီပေက အဲ့တာကို ဘယ်လိုလုပ် သိတာလဲ?!

သူမ သတိပြန်ဝင်လာတော့ ချက်ချင်း ငြင်းလိုက်တယ်။ "နင် ဘာ မဟုတ်တရုတ်တွေ လျှောက်ပြောနေတာလဲ?!"

ဒါပေမယ့် သူမအမူအရာက သူမကို သစ္စာဖောက်နေတယ်။

သူမရဲ့ ရှရှီပေကို စွပ်စွဲတာက လုပ်ကြံဇာတ်ဆိုရင် ရှရှီပေက သူမကို စွပ်စွဲတာက ရယ်စရာ တစ်ခုမဟုတ်တော့ဘူး။ (ဆိုလိုတာက သူမသာ ပေပေကို လုပ်ကြံပြီးစွပ်စွဲနေပေမယ့် ပေပေက သူမကို ပြန်ပြောတာက လုပ်ကြံတာမဟုတ်ဘူးပြောချင်တာပါ)

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now