သက်သေရှိတယ်

3.5K 463 4
                                    

Unicode

ရှရှီပေ စကားတွေက ဆရာနှစ်ယောက်လုံးမျက်နှာကို တင်းမာစေတယ် တကယ်သာဆိုရင် ဒါက တော်တော် ကောက်ကျစ်တာဘဲ

"သူ ဘယ်လောက် ချေးထားတာလဲ?"

"နှစ်သောင်း" ရှရှီပေ ချက်ချင်း ပြောလိုက်တယ်

"မင်း လိမ်နေတာ မင်း အရင်က တစ်သောင်းဘဲ ပြောခဲ့တာ!" ယန်ရွှမ် စကားထွက်လာတယ်

ချက်ချင်းဘဲ သူ့ကို အခြားလူတွေက ကြည့်လာပြီး သူတို့ အမူအရာက ရှုပ်ထွေးသွားတယ်

"ဒါဆို မင်း တကယ် သူ့ဆီက ပိုက်ဆံချေးခဲ့တယ်ပေါ့?" ဆရာတွေရဲ့ မေးခွန်းမေးလိုက်ရင်း သူ့ကို အန္တရာယ်ရှိစွာ ကြည့်လိုက်တယ်

"မဖြစ်နိုင်ဘူး!" ယန်ရွှမ့်အမေက ထပ်ပြီး ဖြတ်ပြောလိုက်တယ် "ကျွန်မတို့ ရွှမ်ရွှမ်ရဲ့ မုန့်ဖိုးက အဲ့ထက် များတယ် သူက ဘာလို့ ပိုက်‌ဆံချေးဖို့လိုမှာလဲ?"

အဲ့စကားတွေ‌ေကြာင့် သူတို့ မိသားစုကို ပိုပြီး ဆရာတွေက ဝေဖန်‌ချင်‌ေနတယ်

ယန်ရွှမ်က ဒီလောက်များတဲ့ မုန့်ဖိုးရတယ်ပေါ့?အဓိပ္ပာယ်မရှိတာ! အားလုံးပေါင်းတောင် သူတို့ စုံတွဲ တစ်လမှ ‌တစ်သောင်းတောင် မရဘူး

ယန်ရွှမ့်အဖေ ရှက်သွားပြီး သူ့မိန်းမ လက်မောင်းကို ဆွဲလိုက်ကာ ရှရှီပေကို ကြည့်လိုက်တယ် "ကျောင်းသူ ရွှမ်ရွှမ်က မင်းဆီက ပိုက်ဆံချေးတယ်လို့ ပြောတယ်နော် မင်းမှာ အဲ့အတွက် သက်သေရှိလား?"

"ဟုတ်တယ် အကြွေးယူလက်မှတ်က ဘယ်မှာလဲ?" ယန်ရွှမ့်အမေက ချို့ယွင်းချက်ရှိတာ သိသွားပြီး ချက်ချင်း ပြုံးရွှင်သွားတယ်

"သမီးမှာ သက်သေမရှိပါဘူး" ရှရှီပေ ခေါင်းရမ်းလိုက်တယ်

"ကျွန်မပြောပါတယ် သူမက လိမ်နေတာပါလို့" ယန်ရွှမ့်အမေက ပိုပြီး စိတ်လှုပ်ရှားလာပြီး ယန်ရွှမ်က စိတ်သက်သာရာ ရသွားတယ်

သူ ရှရှီပေ ဆီက ပိုက်ဆံချေးတုန်းက အကြွေးယူလက်မှတ် မထားခဲ့ဘူး!

ပြီးတော့ အဲ့အချိန်တုန်းက ရှရှီပေလည်း တောင်းဖို့ မတွေးမိဘူး

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now