တစ်ကြိမ်အကြွေးတင်ခြင်း

3.7K 472 3
                                    

Unicode

ရှရှီပေ ချောင်ရန်ကျွယ်ရဲ့ မေးခွန်းထုတ်ခြင်းအောက်မှာ တိတ်ဆိတ်သွားတယ်

သူမ ဖြည်းဖြည်းချင်း ပြောလိုက်တယ် သူမအသံက နည်းနည်း ညှိုးငယ်နေတယ်

"ကျွန်မတို့ကြားက အကြွေး အကုန်ကျေသွားပြီ"

သူမ သူ့ကို တကယ်ပင် ကယ်ခဲ့တယ် ဒါပေမယ့် သူမ သူ့ရဲ့ မီးခြစ်နဲ့ ဓားကို အစားယူခဲ့တယ် ဒါက လောက်နေပြီဘဲ

ချောင်ရန်ကျွယ်ရဲ့ မျက်နှာ အေးစက်သွားတယ် "မင်းဆိုလိုချင်တာက ကိုယ့်အသက်က မီးခြစ်တစ်ခုနဲ့ ဓားတစ်လက်ဘဲ တန်တာလား?"

သူ ကိုယ်ရည်သွေးတဲ့သူ မဟုတ်ရင်တောင် မခံစားနိုင်ဘူး

ရှရှီပေ:"......"

ရှရှီပေ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး ဒါပေမယ့် သူမ အမူအရာကို ကြည့်ပြီး ဘာကို ဆိုလိုချင်တာလဲ ဆိုတာ သိကြတယ်

ချောင်ရန်ကျွယ် ဘယ်လို တုန့်ပြန်ရမလဲတောင် မသိတော့ဘူး

နှစ်၂၀ကျော်နေပြီးနောက်ပိုင်း သူ အေးစက်စက် ဆက်ဆံခံရတာ ဒါ ပထမဆုံးဘဲ!

သူ့အသက်က အဲ့လောက်တောင် တန်ဖိုးမဲ့နေလား?

"ဟုတ်ပါပြီ အရင် ကိစ္စက ပြီးသွားပြီ ဒီတစ်ခေါက် ကိစ္စကကော?" သူ စကားမပြောခင် အသက်ရှုသွင်းလိုက်တယ်

"ဒီတစ်ခေါက် ကိစ္စ?" ရှရှီပေ သူ့ကို အံ့ဩစွာ ကြည့်လိုက်တယ် သူမ သူပြောတာ ကို နားမလည်ဘူး

ချောင်ရန်ကျွယ် သူ့ရဲ့ ရှပ်ကို လိပ်တင်လိုက်ပြီး သူ့ရဲ့ ချပ်ရပ်သော ဗိုက်က သွေးထွက်နေသော ဒဏ်ရာကို ပြလိုက်တယ်

"ကိုယ် မင်းကို သယ်တုန်းက ကိုယ့် ဒဏ်ရာက ပြဲသွားပြီ မင်း ဘယ်လိုလုပ်ပေးမလဲ?"

ဟော်ကျီကျွင်း နှုတ်ခမ်း တွန့်သွားတယ် ဒဏ်ရာက ပြဲသွားပေမယ့်လည်း ကြီးကြီးမားမား မဟုတ်ဘူးမလား?

ဒါပေမယ့် သူ့ရှေ့က ဒရာမာ‌ကို စိတ်ဝင်တစားကြည့်နေပြီး ဘာမှ ‌ဝင်မပြောဘူး

သူက ဒါကို နောက်ကျ တစ်ခြားလူတွေကို ပြောပြမယ်ဆိုပြီး တွေးနေခြင်း ဖြစ်တယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now