အပိုင်း ၄၁

3.6K 440 4
                                    

Unicode

-နှစ်ဖက်ချွန်

ယန်ရွှမ့်ကို ကြောက်အောင်လို့ ရက်စက်တဲ့ စကားတွေ ပြောပြီး ရှရှီပေ တည်ငြိမ်စွာ ထွက်သွားတယ်

သူမ အတန်းထဲ မပြန်ခင် သူမ စုန့်ကျားရန်နဲ့ ဝင်တိုးတယ်

စုန့်ကျားရန် မျက်နှာ အမူအရာက သံသယ ကြောက်ရွံ့မှုနဲ့ ဝမ်းနည်းမှုတွေ ရောထွေးနေတယ်...ခံစားချက်တွေများလွန်းလို့ သူမရဲ့ ကြီးလှတဲ့ မျက်နှာကို ရှုံ့တွနေစေတယ်

ဒါပေါ့ သူမ ယန်ရွှမ့်အမေအကြောင်းကြားပြီးပြီ ပြီးတော့ တစ်ယောက်ယောက်က သူမကို recording ပြထားသေးတယ်လေ ဒါကြောင့် သူမ စိတ်တွေ ရှုပ်ထွေးနေတာ

ယန်ရွှမ်က များသောအားဖြင့် သူမအပေါ်ကောင်းပြီး သေချာဆက်ဆံတယ် နူးညံ့တဲ့ လူကြီး လူကောင်းတစ်ယောက်လို

သူက သူ့မိဘတွေအကြောင်း တစ်ခါပြောဖူးတယ် သူ့စကားထဲမှာတော့ သူ့မိဘတွေက စိတ်ထားကောင်းကြတယ် သူတို့က ညင်သာကြပြီး သူမကို ဘယ်တော့မှ မကြိုက်မှာ မဟုတ်ဘူး

ဒါပေမယ့် ဒီနေ့တော့ သူတို့အပေါ်ထားတဲ့ ကောင်းတဲ့ စိတ်တွေလည်း ပျက်စီးကုန်ပြီ ယန်ရွှမ့်အမေရဲ့ ရက်စက်မှုက ရာဇဝတ်သားထက်တောင် ကြောက်စရာကောင်းသေးတယ်

စုန့်ကျားရန်က ဂိုဏ်ခေါင်းဆောင်ရဲ့ သမီး ဖြစ်ပြီး လူတိုင်း ကျောင်းမှာ သူမကို ရှောင်ကြပေမယ့်လည်း သူမက လူတွေထင်သလို ကြမ်းကြုတ်မနေဘူး

--သူမမှာလည်း ရွေးချယ်စရာဖြစ်ဘူး သူမက ဝပြီး ရွေ့လိုက်တိုင်း ချွေးထွက်နေတာ သူမ လုပ်စရာ မရှိရင် ရွှေ့ကို မရွှေ့ဘူး

ပြီးတော့ စုန့်ကျားရန် ကိစ္စတစ်ခုလုံးကို ကြားပြီးပြီ

အကုန်ကို နားလည်‌သ‌ေဘာ‌ေပါက်လာတော့ သူမ စိတ်ပျက်သွားတယ်

ယန်ရွှမ်က ဘာလို့ ဒီလို လုပ်ရတာလဲ?! သူက ငွေချေးတာကို ငြင်းပြီး ရိုက်ခံရတယ်ဆိုပြီး ညာသေးတယ်?!

သူမ ကမ္ဘာကြီး ပြောင်းပြန်လန်သွားသလို ယူကျုံးမရဖြစ်မိတယ်

ဒါပေမယ့် သူမ ဖြစ်နေတဲ့ အခြေအနေကို ရုန်းကန်ပြီး ဝမ်းနည်းပေမယ့် ရှရှီပေ ရောက်အောင် လာခဲ့တယ် ဘာလို့လဲဆိုတော့ သူမ အမှန်တရား အကုန်လုံးကို သိချင်လို့!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now