ငါမအားဘူး

3.8K 468 1
                                    

Unicode

ရှရှီပေ အတန်းထဲ ပြန်လာတော့ အတန်းစနေတာနဲ့ သူမ ရီပို့ လုပ်ပြီးမှ အတန်းထဲ ဝင်လာခဲ့တယ်

သူမ နေရာမှာ ထိုင်လိုက်တာနဲ့ ထန်လော်က သူမကို မျက်မှောင်ကုတ်ပြီးကြည့်လာတယ်

"မင်းအဆင်ပြေရဲ့လား? မင်းကို စုန့်ကျားရန်က အိမ်သာမှာ လမ်းပိတ်သေးတယ်လို့ ငါ ကြားတယ်?"

သူ ဒီအကြောင်းကို ခုနကမှ ကြားသိရပြီး အပြင်ထွက်မလို့ ကြံတုန်း ရှရှီပေက ပြန်လာခဲ့တယ်

"ငါ ဘာမှ မဖြစ်ပါဘူး နားလည်မှု လွဲနေတာပါ" ရှရှီပေ ခေါင်းရမ်းလိုက်တယ် "စုန့်ကျားရန် လူကောင်း တစ်ယောက်ပါ"

ထန်လော်ရဲ့ နှုတ်ခမ်း တွန့်သွားတယ် သူမ ဘယ်လိုလုပ် စုန့်ကျားရန်က လူကောင်းဆိုတာ ပြောရဲရတာလဲ?

"မင်း ဘာမှ မဖြစ်ရင် ကောင်းပါတယ် သင်ခန်းစာဘဲ အာရုံစိုက်ကြရအောင်"

ရှရှီပေ ခေါင်းငြိမ့်လိုက်ပြီး စာဖတ်ဖို့ ခေါင်းငုံ့လိုက်တယ် ခနကြာတော့ သူမ ရုတ်တရက် အခြားတစ်ဖက်ကို လှည့်ကြည့်လိုက်တယ်

ကျင်ယာကျန်းရဲ့ ပင့်သက်ရှိုက်သံက ကျယ်လွန်းတာကြောင့် ဆရာမတောင် သတိထားမိသွားတယ်

"ကျင်ယာကျန်း အဲ့တာ ဘာလုပ်နေတာလဲ?" ဆရာမ မျက်နှာမှာ အလွန်ဆိုးရွားနေတယ်

သူမ စာကို စူးစူးစိုက်စိုက် သင်နေတဲ့ အချိန်မှာ နှောင့်ယှက်ခံရတာဆိုတော့ ဘယ်သူက စိတ်မတိုဘဲ နေမလဲ?

"ဘာ..ဘာ မှ မဟုတ်ပါဘူး" ကျင်ယာကျန်း တောင့်တောင့်ကြီး ပြုံးလိုက်တယ်

ရှရှီပေပြန်လာတော့ သူမ (ရှရှီပေ) ဘာမှားနေတယ်ဆိုတာ သူမ မခန့်မှန်းနိုင်ဘဲ သူမ သံသယကို ကြီးစေတယ်

စုန့်ကျားရန်လို ပုံစံမျိုးနဲ့ ရှရှီပေ ဘာဒဏ်ရာမှမရဘဲ ဘယ်လိုလုပ် ပြန်ထွက်လာနိုင်တာလဲ?

သူမ ရှရှီပေကို ငေးကြည့်နေတဲ့ အချိန် သူမ (ရှရှီပေ ) က ရုတ်တရက် လှည့်ကြည့်လာခဲ့တော့ သူမ တုန်သွားပြီး ချဲ့ချဲ့ကားကား ပုံ‌စံတွေ ဖြစ်ကုန်တာ

"တကယ်လား?" ဆရာမက မှုန်သုံနေသော မျက်မှာ နှင့် နှာခေါင်းရှုံ့လိုက်တယ်"အဲ့တာဆို ဒီမေးခွန်း လာဖြေ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now