အပိုင်း ၁၉၆

323 41 6
                                    

"ဘာ?! ရှရှီပေကို စာချုပ်ချုပ်လိုက်တယ်?!"

ပိုင်မေရွှယ် ရှော့ရပြီး သူမ၏ မျက်နှာမှာ ရွတ်တွနေသည်။

"ဟုတ်ကဲ့" ဖန်းယန် သူမကို မေးခွန်းထုတ်သည့် ပုံစံဖြင့်ကြည့်ကာ "အစ်မရွှယ် ပြဿနာရှိလို့လား?"

"မရှိပါဘူး ဒါပေမယ့် သူ...သူ့မိဘတွေက စာချုပ်ချုပ်ဖို့ ငြင်းနေကြတာမဟုတ်ဘူးလား? ဘာလို့..."

"အို့ သူ အုပ်ထိန်းသူပြောင်းလိုက်တာလေ စာချုပ်က သူ့ရဲ့ အုပ်ထိန်းသူအသစ်လက်မှတ်ထိုးပေးလိုက်တာ" ဖန်းယန် အပြုံးလေးနှင့်ပြောလိုက်သည်။

သို့ပေမယ့် ဖန်းယန် ပိုင်မေရွှယ်ကို ကြည့်နေရင်း အနည်းငယ် ပိုပြီး သတိထားနေသည်။

သူသာ လျိုမန်ဟုန်က ရှရှီပေ၏ အုပ်ထိန်းသူဖြစ်လာသည်ကို မသိရင် ပိုင်မေရွှယ်က ရှရှီပေကို လျိုမန်ဟုန်ကြောင့် အတိုက်အခံလုပ်နေသည်ဟု ထင်မိလိမ့်မည်။

ထို့ကြောင့် ပိုင်မေရွှယ်က ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရသနည်း? သူမနှင့် ရှရှီပေကြား အငြှိုးအတေးရှိလို့များလား?

အကြိမ်ရေများများ ကြုံတွေ့ပြီးသည့်နောက် ဖန်းယန် အရူးမဟုတ်။ အရူးကလည်း ကုမ္ပဏီ၏ ငွေအဆင့်အေးဂျင့်ဖြစ်လာမည်မဟုတခ။ သူ ပိုင်မေရွှယ် ရှရှီပေအပေါ်ထားသည့် ရန်လိုမှုတွေကို ကြိမ်းသေပေါက် ခံစားမိနေသည်။

ဤရန်လိုမှုတွေက ဘယ်ကလာသလဲ?

ပိုင်မေရွှယ် ဖန်းယန် သူမကို သံသယဝင်နေသည်ကို သတိမထားမိဘဲ ရှော့ရနေတုန်းပင်။ ရှရှီပေ ကုမ္ပဏီနဲ့ စာချုပ်ချုက်လိုက်ပြီ!

သူမ အွန်လိုင်းပေါ်မှာ လေသံပြောင်းဖို့ရာ လူငှားထားတယ်လေ။ ပုံမှန်မိန်းကလေးတွေက ဤကဲ့သို့ ကိစ္စများကို ကြုံတွေ့ရရင် သူတို့ မူလအစက အနုပညာလောကထဲ ဝင်ဖို့ စိတ်ကူးရှိရင်တောင် အခု ဝင်ချင်မှာမဟုတ်တော့ဘူး။

ရှရှီပေသာ အနုပညာလောကထဲ အတည်ဝင်ခဲ့လျှင် လူတွေက အရှေ့ကဖြစ်သမျှအရာရာက လူသိအောင် ထွင်ရိုက်ထားသည်ဟုပဲ ထင်လိမ့်မည်။

ထိုကဲ့သို့ စွပ်စွဲမှုမျိုးက သာမန်မိန်းမ‌ငယ်လေးတစ်ယောက် ကိုင်တွယ်နိုင်သည့် ကိစ္စမဟုတခ။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now