အကြွေးပေးဖို့ ငြင်းနေတာဘဲ

4K 515 4
                                    

Unicode

အတန်းစနေပြီ ဖြစ်ပေမယ့်လည်း အများစုက ရှရှီပေရဲ့ စကားတွေကို သူတို့ရဲ့ စိတ်ထဲမှာ ပြန်ကြားယောင်နေတယ်

အခု သူတို့ သေသေချာချာ တွေးကြည့်ပြီးတဲ့ နောက်မှာ စကားဝိုင်းထဲက လျှံထွက်လာတဲ့ သတင်း ကြီးကြီးမားမားကြောင့် တော်တော် ရှော့ရသွားတယ်

ကျင်ယာကျန်းက ရှရှီပေနဲ့ ယန်ရွှမ်က ချစ်သူတွေလို့ပြောတယ် ဒါပေမယ့် ရှရှီပေက ချမ်းသာတဲ့ လူနဲ့ ဖောက်ပြန်ပြီး ယန်ရွှမ်နဲ့ လမ်းခွဲလိုက်ပြီပေါ့

ဒါပေမယ့် တစ်ခါ ရှရှီပေက ကျင်ယာကျန်းနဲ့ ယန်ရွှမ်နဲ့က ချစ်သူတွေ သူတို့နှစ်ယောက်က သူမရဲ့ အလုပ်နေရာကို မကြာခန လာပြီး သူမက သူတို့ စားသမျှကို ရှင်းပေးရတယ်ပေါ့

ပြီးတော့ အသားကို လွန်လွန်ကျွံကျွံ စားသောက်မိလို့ ကျင်ယာကျန်းနဲ့ ယန်ရွှမ်မှာ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်တယ် •••

အဲ့ သတင်းအပိုင်းအစတွေက သူတို့ကို စိတ်ရှုပ်ထွေးစေတယ် ဘယ်သူက အမှန်ပြောနေတာလဲ?

ဒါပေမယ့် ရှရှီပေနဲ့ ကျင်ယာကျန်းတို့ရဲ့ အမူအရာကို ကြည့်လိုက်ရင် သူတို့ ရှရှီပေ ပြောတဲ့ စကားကို ပိုပြီး ယုံကြည်ကြတယ်

ရှရှီပေက အတိတ်မှာတုန်းက သိုသိုသိပ်သိပ် နေတတ်တယ် သူမကို ယန်ရွှမ်နဲ့အတူ ဘယ်သူမှ မမြင်ဖူးဘူး သူတို့ကို ချစ်သူတွေလို့ ပြောတာ ရီစရာ ကောင်းမနေဘူးလား?

အဲ့ဒါ အပြင်ကို ရှရှီပေ စားတာ သောက်တာ ဝတ်တာက အစ စုတ်ချာချာ နိုင်တယ် ဒီနေ့ ရုပ်သွင်ပြင် ပြောင်းလိုက်တာကလွဲလို့ ကျန်တဲ့ အရာတွေအားလုံးက တူတူဘဲ

သူမ ချမ်းသာတဲ့ လူတစ်ယောက်နဲ့ တွဲမယ်ဆိုရင် အားလုံးပေါင်းလို့မှ ယွမ် ၂၀၀ မကျော်တဲ့ အဝတ်အစနဲ့ ဖိနပ်ကို ဝတ်ထားပါ့မလား?

တစ်ဖက်က ကျင်ယာကျန်းကို ကြည့်လိုက်မယ်ဆိုရင် သူမမှာ စိတ်မသက်သာတဲ့ မျက်လုံး ဖြူဖျော့နေတဲ့ မျက်နှာကြီးနဲ့ .. သူမနဲ့ ပတ်သက်ပြီးတစ်ခုခုတော့ မူမမှန်ဘူး!

ဆရာမ ကျောက်သင်ပုန်းပေါ်မှာ စာရေးနေတုန်း ကျောင်းသားတွေ စာပေးစာယူလုပ်ကုန်ကြတယ် သူတို့ကြားက သုံးပွင့်ဆိုင် အချစ်က တစ်စတစ်စ ပြင်းထန်လာတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now