အပိုင်း ၄၃

3.5K 430 1
                                    

Unicode

-သင်တန်းသားများ စုဆောင်းခြင်း

ကျုံးဟုန်လမ်းက ကုန်သွယ်မှု အားလုံးရဲ့ ပင်မနေရာ။ အနီးဝန်းကျင်မှာ ကုမ္ပဏီကြီးတွေအများကြီးရှိပြီး အများစုက ဖျော်ဖြေရေးကုမ္ပဏီတွေဖြစ်တယ်။

ပွဲလမ်းသဘင်တွေကို ဒီမှာ မကြာခဏကျင်းပကြတယ်။ လူကြားထဲသွားပြီး သင့်တော်တဲ့လူငယ်တွေကို ဖျော်ဖြေရေးကဏ္ဍကို ဝင်ရန် အနုပညာ သမားတွေကို စကောက်လုပ်ကြတဲ့သူတွေက ရှာဖွေကြတယ်။

အရင်တုန်းက အနီးအနားက ကျောင်းက ကောင်လေးတစ်ယောက်က စကောက်လုပ်ခံရပြီး ဆယ်လီဖြစ်လာတယ်။ အရမ်းကြီး မကျော်ကြားပေမယ့်လည်း ကျောင်းသားတွေကို စိတ်လှုပ်ရှားစေတယ်။

စုန့်ကျားရန်က ဒီလို အတင်းအဖျင်းတွေနဲ့ ရင်းနှီးတယ်။ သူမက ဒီလို လက်တွေ့မကျတဲ့ အိပ်မက်မျိုး မရှိပေမယ့်လည်း ဘာဘဲဖြစ်ဖြစ် သူမ အဲ့လူတွေကို မနာလို ဖြစ်တုန်းဘဲ။

ပြီးတော့ အခု ရှချင်းဟန်ရှေ့ ရပ်နေတဲ့ လူက သူများတွေပြောတဲ့ စကောက်လုပ်တဲ့သူနဲ့ တူတယ်။

သူမ ရှေ့နှစ်လမ်းတိုးလိုက်တော့ သူတို့ပြောတာကို ရှင်းရှင်းလင်းလင်း ကြားလာရတယ်။

"ရှင်ကတကယ် အနုပညာရှင်စကောက်လား?" ရှချင်းဟန်ဘေးက ကောင်မလေးက ရှော့ရပြီး သံသယဖြင့် မေးလိုက်တယ်။

"ဟုတ်တာပေါ့!" ‌အဲ့ယောက်ျားက ‌ယံုကြည်မှုရှိစွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ် "ငါက အက်စ်ဝိုင် ဖျော်ဖြေရေးရဲ့ ထိပ်တန်းမန်နေဂျာထဲက တစ်ယောက်ဖြစ်တဲ့ ဖန်းယန်ဘဲ မင်းတို့ ငါ့ကို မယုံရင် ငါ့ကုမ္ပဏီကို လိုက်ပြီး ကြည့်လို့ရ‌တယ်" သူပြောလိုက်ရင်းဘဲ တိကျတဲ့နေရာကို လက်ညှိုးတိုးပြလိုက်တယ်။

"ကျွန်မရှင့်ကို ယုံတယ်" ရှချင်းဟန် နောက်ဆုံးမှာ ဖြည်းဖြည်းချင်းပြောလိုက်တယ် "ကျွန်မ အက်စ်ဝိုင် ဖျော်ဖြေရေးက တစ်ယောက်‌ကို သိတယ်"

အခြားကောင်မလေးနှစ်ယောက်က သူမကို မနာလိုမှုတွေ လေးစားမှုတွေနဲ့ ကြည့်လိုက်တယ်။ သူမက ဖျော်ဖြေရေးလောကက လူတစ်ယောက်နဲ့သိတာ အရမ်းမယုံကြည်နိုင်စရာကောင်းတာဘဲ!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now