အပိုင်း ၅၀

3.4K 427 4
                                    

Unicode

-သွေးပူခြင်း

စုန့်ကျားရန်ရဲ့ ကြမ်းကြုတ်ပြီး ရှိန်လောက်တဲ့ မျက်နှာက သူတို့ကို ကျောင်းက သူမရဲ့ ဂုဏ်သတင်းကို ‌မှတ်မိသွားစေတယ်

ချင်းရယ်‌အထက်တန်းကျောင်းက စုန့်ကျားရန်ဆိုရင် ဘယ်သူ မကြားဖူးတာ ရှိမလဲ?

သူမရဲ့ ကျက်သရေရှိပြီး နူးညံ့တဲ့ နာမည်နဲ့ လူကောင်ကြီးက တော်တော် ခြားနားလွန်းတယ်။ ပြီးတော့လည်း သူမရဲ့ ရက်စက်ပြီး တင်းခံနေတတ်တဲ့ စတိုင်ရယ် သူမရဲ့ အငြင်းပွားဖွယ်ဖြစ်တဲ့ နောက်ခံပေါင်းလိုက်ရင်....သူမနာမည်က လူတွေကို ကြောက်ဒူးတုန်စေတယ်။

"ငါ့လူတွေကို ငါ့ရှေ့မှာ ဘယ်လို အနိုင်ကျင့်ရဲရတာလဲ.....နင်တို့ ငါသေသွားပြီလို့များ ထင်နေလား?!"

စုန့်ကျားရန် ကြောက်စရာကောင်းတဲ့ သူမရဲ့ ရက်စက်မှုနဲ့ အားကောင်းတဲ့ ရောင်ဝါတွေက သုံးယောက်လုံးကို တုန်လှုပ်စေတယ်။

ရှချင်းဟန် လျိုကျီကျင်းကို ကိုင်လိုက်ပြီး ချောင်းကို အသားလေး ဆိုးပြလိုက်တယ်။ "ကိစ္စကြီး မဟုတ်ပါဘူး ငါတို့ အကုန်လုံးက အတန်းတူတွေဘဲဟာကို ငါတို့ကြားမှာ မိတ်ပျက်စေမယ့် စကားတွေ မပြောကြရအောင်"

"ဟ!"

စုန့်ကျားရန် နှုတ်ခမ်းက တွန့်သွားပြီး လှောင်ပြုံးပြုံးလိုက်ကာ သူမမျက်နှာမှာလည်း စက်ဆုပ်မှုတွေက အထင်းသားပေါ်နေတယ်။ သူမရဲ့ ရှချင်းဟန်ပေါ် အမြင်က ဆိုးသထက်ဆိုးလာတယ်။

အစတုန်းက စုန့်ကျားရန်က ရှချင်းဟန်ကို ရုပ်ကလေးလှတာကြောင့် မကြိုက်တာ သူမပြောတဲ့ စကားတွေကို နားထောင်ကြည့်လိုက်မယ်ဆိုရင် သူမ ရွံရှာမှုတွေကို အတိုင်းသား တွေ့နေရတယ်။

သူတို့ သူမနဲ့ ရန်မဖြစ်ချင်တော့ သူတို့က အတန်းတူကျောင်းသူတွေပေါ့။ ဒါပေမယ့် လျိုကျီကျင်းက ရွံစရာကောင်းတဲ့ စကားတွေ ပြောနေတုန်းကတော့ သူမ ရှေ့ထွက်ပြီး တစ်ခွန်းမဆိုဘူး။

-ကြောင်သူတော်ဘဲ!

သူမက လူတွေခေါ်ခေါ်နေတဲ့ ကြာပန်းဖြူမ ဟုတ်တယ်မလား?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now