အပိုင်း ၁၈၇

551 60 1
                                    

-ခွေးနှစ်ကောင်

လျိုမန်ဟုန် ဤကဲ့သို့ ပြောလိုက်သောကြောင့် ရှရှီပေ ငြင်းလို့မရတော့။

သူမ မနေဘူးဘဲ ဆက်ပြောနေရင် လျိုမန်ဟုန်က သူမ ချောင်ရန်ကျွယ်ကို မကြိုက်သလိုမျိုး ခံစားမိလိမ့်မည်။

ပြီးတော့ ချောင်ရန်ကျွယ်က လျိုမန်ဟုန်ရဲ့ တူ!

ထိုအရာကိုတွေးပြီး ‌ရှရှီပေ ခေါင်းသာငြိမ့်လိုက်တော့သည်။ "အဲ့တာဆို ကျွန်မ ပြန်ပြီး ပြောင်းဖို့ ပြင်ထားလိုက်မယ်"

ချောင်ရန်ကျွယ် သဘောတူလိုက်သည်။ "ဟုတ်တယ် မင်း ဒီမှာ အရင်ဆုံးနေမှာဘဲကို မင်း ဒီနေရာကို မကြိုက်ရင် အချိန်မရွေးပြောင်းလိုက်လို့ရတာဘဲ!"

ရှရှီပေစိတ်ထဲ ထိုအတွေးတွေ ရှိနေသောကြောင့် ထိုစကားများက သူမကို မျက်မှောင်ကြုံ့သွားစေသည်။

လျိုမန်ဟုန် ရှရှီပေကို ညစာစားဖို့ နေစေချင်ပေမယ့်လည်း သူမ စုန့်ကျားရန်နှင့် တွေ့ဖို့ ချိန်းထားပြီးဖြစ်တာကြောင့် ငြင်းလိုက်သည်။

လျိုမန်ဟုန် သူတို့ကို အားလျှော့ကာ လိုက်ပို့လိုက်သည်။

ကင်းချူ ရှရှီပေ ထွက်သွားတာကို တွေ့တော့ သူလည်း လမ်းလျှောက်ပို့ဖို့ တောင်းဆိုနေသည်။

သူမခွေးက ဘယ်လောက်ထိ ခေါင်းမာလဲကို တွေ့ပြီး လျိုမန်ဟုန် ခေါင်းသာငြိမ့်ပြီး သဘောတူရတော့သည်။

ကင်းချူ ဤမိန်းကလေးနှင့် အချိန်ပိုဖြုန်းဖို့ အခွင့်အရေးရသွား၍ အပျော်လွန်သွားသည်။

မကြာမှီပင် သူတို့သုံးယောက်နှင့် ခွေးတစ်‌ေကာင်က အပိုင်းခြားထားသည့် ဥယျာဉ်ကို ရောက်သွားသည်။

သူတို့ အပေါက်ဝကို နီးကပ်လာတော့ စိတ်လှုပ်ရှားသော ခွေးဟောင်သံ တစ်ခုက ထွက်လာသည်။

ထို့နောက် ရွှေရောင်ပံုရိပ်တစ်ခုက သူတို့ဆီကို ဦးတည်လာနေသည်။

"အရှူရာ!"

ယွီဇီချီ ဘာမှ မလုပ်နိုင်ခင်မှာဘဲ အရှူရာ သူ့ဆီကနေ ထွက်ပြေးသွားတယ်!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now