အပိုင်း ၆၂

3.2K 414 2
                                    

Unicode

- စက်ဆုပ်ဖွယ်ကောင်းတဲ့သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရခြင်း

စုန့်ကျားရန်က သေချာပေါက်ကို သွေးပူလွယ်တယ်။ မဟုတ်ရင် ကျောင်းမှာ နာမည်ဆိုး ထွက်မှာမဟုတ်ဘူး။

သူမက လူတွေ သူမကို လိမ်တာကို မုန်းတယ်!

စောစောတုန်းက သူမ ယန်ရွ‌ှမ်က သူမကို နှစ်ဖက်ချွန်လုပ်နေတယ်ဆိုတာကို သိတုန်းက ခဏစိတ်ငြိမ်သွားပြီးတော့ သူမ သူ့ကို ဘာမှပြန်မလုပ်ချင်ခဲ့ဘူး။ ပြောရရင် သူက သူမကို ကောင်းကောင်းဆက်ဆံခဲ့တာဘဲ။

ဒါပေမယ့် ယန်ရွှမ်က သူမကို လိမ်ပြန်ပြီ!

ဘာ မိန်းမပျိုလေးကို အန္တရာယ်ကနေကယ်မယ်?!

စုန့်ကျားရန် ဝမ်းနည်းလွန်းလို့ ရင်ဘတ်တောင် အောင့်တယ်။ ပြီးတော့ သူမ လက်သီးတစ်ချက်ပြီးတစ်ချက် သူ့ဆီကို ပစ်ထိုးနေလိုက်တယ်။

"တော်ပါတော့ မလုပ်ပါနဲ့တော့! ကျေးဇူးပြုပြီး တော်ပါတော့!"

ယန်ရွှမ် ‌အကြောက်လွန်ပြီး ရှောင်ပုန်းဖို့ အပတ်တကုပ် ကြိုးစားနေတယ်။

စုန့်ကျားရန်ရဲ့ လက်သီးချက်တွေက အလွန်ကြောက်စရာကောင်းတယ်! သူသာ ထွက်မပြေးနိုင်ရင် သူမက သူ့ကို အသေသတ်နိုင်တယ်!

စုန့်ကျားရန် သူမစိတ်ကို မထိန်းချုပ်နိုင်ဖြစ်ပြီး သူမမျက်လုံးတွေက ရဲလာတယ်။

သူမ ဒီလူယုတ်မာကို သတ်ချင်တဲ့စိတ်နဲ့ ဆက်တိုက် ထိုးနေတယ်။

"တော်ပြီ!" ကြည်လင်ချိုသာသော အသံထွက်လာတယ်။

ပြီးနောက် စုန့်ကျားရန် လက်သီးကို တစ်ယောက်ယောက်က တင်းတင်းဆုပ်ကိုင်လိုက်တယ်။

သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ ရှရှီပေရဲ့ ညင်သာသော မျက်လုံးတွေနဲ့ အကြည့်ချင်း ဆုံမိတယ်။

"လုံလောက်ပြီ သူ့ကို မသတ်နဲ့"

ရှရှီပေ သူမရဲ့ လှုပ်ရှားမှုကို ရပ်လိုက်ပြီး ရှင်းပြလိုက်တယ်။ "ငါတို့ လက်တွေကို အညစ်ပတ်မခံနဲ့"

စုန့်ကျားရန် ‌ကြက်သေသေနေတုန်းဘဲ။ သူမ စိတ်က ရှရှီပေရဲ့ အားကို သတိပြုမိဖို့နေနေသာသာ  ပုံမှန်အခြေအနေပြန်မရောက်သေးဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now