အပိုင်း ၁၂၀

2.6K 312 2
                                    

Unicode

- လက်မှတ်မထိုးနိုင်ဘူး

ရှရှဟိုင် စိတ်အခြေအနေမကောင်းစွာ ထွက်သွားတာကို မြင်တော့ ရှရှီပေ သူမမျက်နှာပေါ်မှာ အပြုံးလေးနဲ့ ထွက်သွားတော့သည်။

စုန့်မျိုးနွယ်တွေ ဆိုင်ကို ရှာတွေ့ပြီး သူမကို လာကြည့်ပေးဖို့ စောင့်နေကြသည်။

စုန့်မိသားစုရှာထားသည့်ဆိုင်က လူအများပြောင်းရွှေ့နေထိုင်ကြသည့် စီးပွားရေးအချက်အချာကျတော့နေရာတွင် တည်ရှိသည်။

ရှရှီပေ ကျေနပ်သည်နှင့် သူတို့ ဆိုင်ဖွင့်ဖို့ ပြင်ဆင်လို့ရပြီ။

ရှရှီပေ လက်ထဲတွင် ထိုအချိန် သိန်း‌ဂဏန်းလောက်ရှိသည်။ သူမ စုန့်မိသားစုနှင့် ပူးပေါင်းပြီး မစ်တီးဆိုင် နည်းနည်းပါးပါး ဖွင့်လို့ရသည်။

သို့ပေမယ့် သူမအခု လုပ်ဖို့ အစီအစဉ်တော့ မရှိ။

ဆိုင်ကိုသွားသည့်လမ်းတွင် သူမ ဖန်းယန်ဆီက အဝင်ကောကို လက်ခံရလိုက်သည်။

ဖုန်းအခြားတစ်ဖက်တွင် ဖန်းယန် အရမ်းရိုးသားသည့်ပုံပေါနေသည်။ "တစ်ပတ်ရှိနေပြီ မင်းစဉ်းစားပြီးပြီလား?"

"ကျွန်မရှင့်ကို ရှင်းရှင်းဘဲပြောလိုက်မယ်"

ဖန်းယန်၏ စစ်မှန်ပုံကို တွေးပြီး ရှရှီပေ သူ့ကို မလိမ်ချင်။ "ကျွန်မမိဘတွေနဲ့ ကျွန်မ အဆင်မပြေဘူး သူတို့က ကျွန်မကို လက်မှတ်ထိုးပေးမှာမဟုတ်ဘူး"

ဖန်းယန် မှင်သက်သွားသည်။ "သူတို့က လက်မှတ်ထိုးမပေးချင်ဘူးလား?"

"အမ်..." သူ ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "ဆွေးနွေးလို့မရတော့ဘူးလား?"

"ဟုတ်တယ်" ရှရှီပေ နည်းနည်းရယ်လိုက်သည်။ "ကျွန်မအသက်မပြည့်ခင် လနည်းနည်းကျန်သေးတယ် အဲ့အချိန်ကျ ကျွန်မဆုံးဖြတ်ချက်ကို ကျွန်မ ချနိုင်ပြီ"

ဖန်းယန် အနည်းငယ်စိတ်ပျက်သွားသည်။ အဲ့လတွေ ဘာတွေဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူက သိမှာလဲ?

ပြီးတော့ ပွဲဦးမထွက်ခင် အချိန်တော်တော်ယူရသည်။ သူတို့ကုမ္ပဏီရဲ့ သင်တန်းသားအများစုက ဆယ်ကျော်သက်အရွယ်ကတည်းက စခဲ့ကြတာ ရှရှီပေ သူတို့နဲ့ ယှဥ်ရင် အသက်တောင် ကြီးသေးတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now