အပိုင်း ၅၇

3.2K 397 6
                                    

Unicode

- ပွဲစပြီ

လျိုကျီကျင်း ရှရှီပေရဲ့ တောက်ပတဲ့အပြုံးကြောင့် မင်သက်သွားပြီး ဘဝင်ခိုက်တဲ့ အပြုံးပြန်ပြုံးပြလိုက်တယ်။

ရှရှီပေမျက်ခုံး ပင့်လိုက်တယ်။ သူမ လက်ကို ရွှေ့လိုက်တော့ ပြတင်းပေါက်နားမှာ ငှက်လေးတစ်ကောင် ရှိနေတယ်။

မကြာခင်မှာဘဲ ငှက်လေးရဲ့ ပါးစပ်ကနေ လျိုကျီကျင်း ဘာကြောင့် ဂုဏ်မောက်ပြီး ပြုံးနေလဲ ဆိုတာ နားလည်သွားတယ်။

တွေးကြည့်မိတော့ သူမ လျိုကျီကျင်းကို ထေ့ငေါ့ပြီး တမင်ဆွကာ ပြန်ပြုံးပြပြီး။သူမမျက်နှာကို သာသာလေး ပုတ်ပြလိုက်တယ်။

လျိုကျီကျင်း မျက်နှာချက်ချင်း မည်းသွားတယ်။ ဒါပေမယ့် သူမ ဘာမှ မပြောခင် ဆရာမရောက်လာလို့ သူမ အခန်းကို မပျော်မရွှင်နဲ့ ပြန်ရတော့တယ်။

လျိုကျီကျင်း ထိုင်ခုံမှာ ထိုင်လိုက်ပြီး ရှရှီပေရဲ့ တမင်လာစတဲ့ အပြုံးကို ပြန်တွေးကြည့်မိတော့ သူမ မျက်နှာက ပိုပြီး မည်းလာတယ်။

"ဘာဖြစ်တာလဲ?" ရှချင်းဟန် အသံတိုးတိုးလေး ဖြင့် မေးလိုက်တယ်။

"ဘာမှမဟုတ်ဘူး" သူမ ခေါင်းရမ်းလိုက်တယ်။ "အခြားဆီ အတွေးရောက်နေလို့"

"နင် အဆင်ပြေရင် ပြီးတာဘဲ နင် အကူအညီလိုရင် ငါ့ကို ပြော"

"အေးပါ"

ရှချင်းဟန်ရဲ့ နူးညံ့တဲ့ အပြုံး ကြော့ရှင်းတဲ့ အပြုအမူကို ကြည့်ပြီး လျိုကျီကျင်း ရှရှီပေကို ပိုမုန်းလာတယ်။ ရှချင်းဟန်က ‌အတောက်ပဆုံးကြယ်ဖြစ်ပြီးတော့ ရှရှီပေက အမေမရှိအဖေမရှိဘဲနဲ့ ချောင်မှာဘဲ ကပ်နေရတဲ့ အမှိုက်။

အပြင်ဘက်တွင် ငှက်အနည်းငယ်က ပြတင်းပေါက်နား ပျော်ပျော်ပါးပါး ပျံဝဲနေတယ်။

ရှရှီပေက ပြတင်းပေါက်နားထိုင်တယ်။ သူမ လက်ကို မြောက်ပြီး ဝေ့ယမ်းလိုက်တော့ ငှက်တွေ အစုခွဲသွားတော့တယ်။

"ဒီနေ့ ဘာလို့ ငှက်တွေက ပျော်နေရတာလဲ?" ထန်လော် စိတ်ရှုပ်စွာနဲ့ မေးလိုက်တယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now