ပထမဆုံး ကာစတမ်မာ

3.9K 494 1
                                    

Unicode

ရှရှီပေမှာ ဒေါသကို ဖုန်းကွယ်ဖို့ စိတ်ကူးမရှိဘူး "သူတို့ တော်တော်လွန်သွားပြီ ယွမ် နှစ်သောင်းက သူတို့အတွက် မုန့်ဖိုးသာသာ ရှိပေမယ့် ငါ့အတွက်  ကတော့ ရှိသမျှ အကုန်ဘဲ"

ရှရှီပေ ဒေါသ ထွက်နေတဲ့ ပုံကိုကြည့်ပြီး စုန့်ကျားရန်နဲ့ အခြားသူတွေ မျက်နှာမှာ ထင်ပေါ်နေတဲ့ သံသယတွေ ပျောက်ကွယ်သွားတယ်

သူမက တကယ် ယန်ရွှမ်နဲ့ ချစ်သူဆက်ဆံရေးမျိုး ရှိရင် သူမ ဒီလိုမျိုး တုန့်ပြန်မှာ မဟုတ်ဘူး

"ငါ ကျိန်ရဲတယ် ယန်ရွှမ်နဲ့ ကျင်ယာကျန်း ရည်းစားတွေဆိုတာ! ငါလိမ်ခဲ့ရင် မိုးကြိုးပစ်ပါစေ!"

ရှရှီပေ လက်မြှောက်ပြီး အပြစ်ရှိပုံမပေါ်ဘဲ ကျိန်လိုက်တယ်

သူမ လိမ်နေတာမဟုတ်ဘူး

ယန်ရွှမ်နဲ့ ကျင်ယာကျန်းနဲ့က တကယ်တွဲနေတာ

စုန့်ကျားရန် မျက်နှာက အလွန် စိတ်သက်သာရာ မရဖြစ်သွားတယ်

"ကျင်ယာကျန်း?"

"ဟုတ်တယ်!" ရှရှီပေ ခေါင်းငြိမ့်လိုက်တယ် "ကျင်ယာကျန်းက တစ်ချိန်တုန်းက ငါ့သူငယ်ချင်းကောင်း ဒါပေမယ့် ငါလတ်တလောကမှ ရှာတွေ့တာ သူမက ပိုက်ဆံအတွက်သာ ငါနဲ့ သူငယ်ချင်းလုပ်နေတာဆိုတာ! မသတီစရာ ကောင်းလိုက်တာ!"

"တကယ်ကြီးလား?"

"တကယ်ပေါ့!"

ရှရှီပေ ခေါင်းငြိမ့်လိုက်ပြီး သူမရဲ့ သံသယကို ထုတ်ပြောလိုက်တယ် "ဒါနဲ့ နင်ငါ့ကို ဘာလို့ ရှာတာလဲ? သူတို့ နှစ်ယောက်အကြောင်းသိချင်လို့တော့ ငါ့ကို ရှာတာ မဟုတ်ဘူး မလား? ဒါမှမဟုတ် နင့်ကို ဝိတ်ကျစေဖို့ ငါ့ကို အကူအညီလာတောင်းတာလား?"

စုန့်ကျားရန် စိတ်ရှုပ်သွားတယ် "ဝိတ်ချမယ်?"

ဒီကိစ္စက ဝိတ်ချတာနဲ့ ဘာဆိုင်လို့လဲ?

ဒါပေမယ့် သူမ ဝိတ်ချတယ်ဆိုတဲ့ စကားကို မကြားချင်ဘူး

သူမ အရင်က ဝိတ်ကျအောင် မကြိုးစားဖူးတာမဟုတ်ဘူး သူမ အစာမစား လေ့ကျင့်ခန်းလုပ် အပ်စိုက်ကုထုံးပါ လုပ်ဖူးတယ် သူမ လုပ်နိုင်သမျှ အကုန်လုပ်ကြည့်ခဲ့ဖူးတယ် သူမအတွက် ဘယ်ဟာကမှ အထောက်အကူ မဖြစ်ခဲ့ဘူး

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now