အပိုင်း ၁၇၂

1.5K 166 2
                                    

- သူမ မလုပ်ဘူး

ရဲတွေက ချိန်းခြောက်စာတွေကို ယူပြီး လက်ရေးမူကိုတွေတော့ ရှရှီပေဘက်ကို လှည့်ကြည့်လိုက်သည်။

"မင်း ဒါတွေကို ရေးသလား?"

"မရေးဘူး!" ရှရှီပေ ချက်ချင်း ခေါင်းရမ်းလိုက်သည်။ "သမီးက ဘာလို့ အဲ့လိုတွေ ရေးရမှာလဲ?!"

ရဲတွေက ခေါင်းငြိမ့်ပြီး ရှရှီပေ၏ အပြစ်ကင်းမှုကို ယုံကြည်လိုက်ကြသည်။

"သူမ သေချာနေတာကို!" လျိုလီရှင်း ဒေါသထွက်စွာ ခြေစောင့်လိုက်သည်။

"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာသိတယ်!" ရဲက သူမကို ကြည့်လိုက်သည်။

"သမီး အပြစ်ကင်းတာကို ပြဖို့ ဒါတွေကို ရေးပြနိုင်တယ်!" ရှရှီပေ အကြံပေးလိုက်သည်။

ရဲတွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

သူမ စစ်ဆေးမှုကို ကူညီဖို့ စပြောတာက ကောင်းသည်ပင်။

"အဲ့တာဆို လုပ်လိုက်"

ရှရှီပေ ဖောင်တိန်ကို ထုတ်ပြီး ခေါင်းကို ဆတ်ခနဲ ငုံ့လိုက်ကာ ထိုစကားတွေကို ချရေးလိုက်သည်။

ပြီးသည်နှင့် လူတွေက မြန်မြန် သူမအနားကို ဝိုင်းလာကြပြီး နိဂုံးချုပ်လိုက်ကြသည်။

"သူမ မဟုတ်ဘူး"

လက်ရေးတွေက လုံးဝ ကွဲပြားနေသည်။

"သူမ ဘယ်ဘက်လက်နဲ့ ရေးတာဖြစ်ရမယ်!" လျိုလီရှင်း ချက်ချင်း ငြင်းလိုက်သည်။

ရှရှီပေ တိတ်ဆိတ်သွားကာ နောက်လက်တစ်ဖက်ကို ပြောင်းလိုက်သည်။

သူမ ရေးသည့် စကားလုံးတွေက ထိုစာတွေထဲက လက်ရေးနှင့် လုံးဝကို ကွာခြားလှသည်။

"သမီး တွေးနေတာ...သမီးသာ ရှာမတွေ့ခံရဘဲ အန်တီ့ကို ချိန်းခြောက်ချင်ရင် သမီး အဲ့စာတွေကို ပရင့်ထုတ်လိုက်မှာပေါ့ ဟုတ်ဘူးလား?" ရှရှီပေ မဝံ့မရဲပြောလိုက်သည်။

လူတွေလည်း ထောက်ခံသည့် အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ "သဘာဝကျတာဘဲ!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now