အပိုင်း ၆၉

3K 398 5
                                    

Unicode

- စာမေးပွဲခန်းတူတူ

သူမ ရှရှီပေကို မြင်တော့ ရှချင်းဟန်မျက်နှာ ပျက်သွားတယ် ။

သူမ ရှရှီပေရဲ့ ရွှန်းစိုနေသော မျက်နှာလေးကို မြင်တော့ သူမ ရင်ထဲက မနာလိုမှုက ပိုပြီး တောက်လောင်လာတယ်။

သူမ ကလေးဘဝကတည်းက သူမရဲ့ အလှကို အမြဲတမ်း ယုံကြည်ချက်ရှိခဲ့တာ။

ဒါပေမယ့် ရှရှီပေရဲ့ ရုပ်ရည်က သူမက အကောင်းဆုံးမဟုတ်ဘူးဆိုတာကို သိမြင်လာစေတယ်။

အခြားကျောင်းသားတွေ ဘာပြောလဲဆိုတာကြားပြီးတော့ သူမပိုပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။

"ဟိုက တစ်ယောက်! နင်ရော ဒီအခန်းကျတာလား?" ရှချင်းဟန် စိတ်ကို ပြန်စုစည်းလိုက်ပြီး ရှရှီပေကို တောက်ပတဲ့အပြုံးပြုံးပြလိုက်တယ်။

"ဟုတ်တယ်"

ရှရှီပေနှုတ်ခမ်းက သေးငယ်ပြီး ယှဉ်ကျေးတဲ့ အပြုံးတစ်ခုပေါ်လာပြီးနောက် ပြန်လှည့်ပြီး သူမ ထိုင်ရမယ့်နေရာကို ထိုင်လိုက်တော့တယ်။

ရှရှီပေရဲ့ အေးစက်ပြီး ဘက်မလိုက်သော တုန့်ပြန်မှုက ရှချင်းဟန်ကို မကျေမနပ်ဖြစ်စေတယ်။

ကျောင်းသားအကုန်လုံးက သူတို့ကို အာရုံစိုက်နေတာကြောင့် သူမ ကို့ရို့ကားယားအပြုံးတစ်ခုသာ ပြုံးနိုင်တာက လွဲပြီး ဘာမှမလုပ်နိုင်။

ဒါ‌ေပမယ့် သူမ စိတ်အခြေအနေက မကြာမီဘဲ မကောင်းတော့။

ဘာလို့လဲဆိုတော့ သူမခုံက ရှရှီပေရဲ့ ဘေးမှာ ဖြစ်ပြီး ကြားထဲက လမ်းဘဲ ခြားတယ်!

ရှရှီပေလည်း ညီတူညီမျှ စကားလုံးပျောက်ရှသွားတယ်။ သူမ ရှချင်းဟန်နဲ့ နှီးနွယ်မှု အဲ့လောက်ပြင်းမယ် မထင်ထားဘူး။

ဒီလိုတွေက အရင်တုန်းက မဖြစ်ဖူးဘူးမလား?

"ငါ..."

ရှချင်းဟန် လုပ်ပြီး ပြုံးကာ စကားလမ်းကြောင်းရှာနေတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ရှရှီပေ သူမကို လှည့်ကို မကြည့်ဘဲနဲ့ စာအုပ်ကိုဘဲ အာရုံစိုက်နေတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now