အပိုင်း ၇၂

3K 391 5
                                    

Unicode

-ကယ်လိုရီ နည်းတဲ့ မစ်တီး

စုန့်ကျားရန် မစ်တီးကို မကြာခဏ မသောက်နိုင်ပေမယ့်လည်း သူမ အရင်တုန်းက အများကြီးကို စမ်းသောက်ကြည့်ဖူးတယ်။ အနည်းဆုံးတော့ ဈေးကွက်ထဲက ပေါ်ပြူလာအဖြစ်ဆုံး ဆိုတာတွေ‌ကိုတော့ မလွတ်ဖူးဘူး။

ဒါပေမယ့် ရှရှီပေ လုပ်တဲ့ မစ်တီးက ဈေးကွက်ထဲမှာ ရှိတဲ့ နာမည်ကြီး မစ်တီးတွေထက် မနိမ့်ကျဘဲ အရသာ ရှိလွန်းတယ်ဆိုတာကိုတော့ သူမ ဝန်ခံရလိမ့်မယ်!

နို့ရဲ့ ချိုမြိန်မှုက လက်ဖက်ရဲ့ ရနံ့မွှေးနဲ့ ပေါင်းစပ်ပြီး မအီသော ချိုမြမှုကို ပေးတယ်။ အဲ့တာ အပြင်ကို မစ်တီးအနံ့ကို နောက်လယ်ဗယ်အထိ မြှင့်တင်ပေးတဲ့ ရနံ့အနည်းငယ်ကိုလည်း လျစ်လျူရှူလို့မရဘူး။

မစ်တီးရဲ့ ထိတွေ့မှုကလည်း အရမ်းကောင်းလွန်းပြီး မင်းကို နောက်တစ်ကြိမ်သောက်စေနိုင်လောက်တဲ့အထိ ခါးသက်မှု နည်းနည်းမှ မပါ။

"အရမ်း အရသာရှိတာဘဲ!"

စုန့်ကျားရန် မျက်လုံးက ပျော်ရွှင်မြူးထူးစွာ ‌အံ့ဩသွားပြီး နောက် တစ်ငုံထပ်သောက်ကာ အားရကျေနပ်သော အပြုံး ပြုံးလိုက်တယ်။

‌တစ်ငုံပြီး တစ်ငုံသောက်ပြီးတော့ စုန့်ကျားရန် ‌ရပ်လိုက်ပြီး တွေဝေစွာ မေးလိုက်တယ်။ "ဒါက ငါ့ကို မဝစေဘူးဆိုတာ နင်သေချာရဲ့လား?"

"သေချာတာပေါ့!" ရှရှီပေ စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပြီး ယုံကြည်မှု ရှိတဲ့ အပြုံး ပြုံးလိုက်တယ်။ "ဒီဟာမှာ ဆေးမြစ်တွေ ထည့်ထားသေးတာဘဲ အဲ့တာက‌ေကြာင့် ခန္ဓာကိုယ်ကို အကျိုးပြု‌ေစတယ်"

စုန့်ကျားရန် ဉာဏ်အလင်းရသွားတယ်။

"ဒီထဲမှာ ဆေးမြစ်တွေပါတယ်? အဲ့တာကြောင့် အရသာက ကွာနေတာကို!"

အဲ့တာကြောင့် သူမ အရင်ကသောက်ခဲ့တဲ့ မစ်တီးတွေနဲ့ အရသာမတူတာဘဲ။

"ဘယ်လိုဆေးမြစ်တွေလဲ?"

"ပျားရည်စုပ်ပန်း၊ ဂန္ဓမာပန်း...."

စုန့်ကျားရန်ရဲ့ မျက်လုံးက ပြူးသထက် ပြူးလာတယ်။

"မဖြစ်နိုင်ဘူး! ငါ အရင် အဲ့ဆေးမြစ်တွေကနေ လုပ်တဲ့ ဆေးရည်တွေကို မသောက်ဖူးတာကျနေတာဘဲ ဒါပေမယ့် အရသာက အရမ်းကွာခြားလွန်းတယ်!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now