အပိုင်း ၁၈၁

1.1K 131 2
                                    

- အုပ်ထိန်းသူပြောင်းလဲခြင်း

တစ်ခုခုရှိသေးလို့လား?

အကုန်လုံးက သူ့ကို ချက်ချင်းလှည့်ကြည့်လိုက်ကြပြီး ချောင်ရန်ကျွယ်က လေးနက်သော မျက်နှာထားနှင့် ပြောနေမှန်းသိလိုက်သည်။

"ခင်ဗျားတို့ အဆက်အသွယ်ဖြတ်လိုက်ပြီလို့ ကျုပ်ကြားတယ် ဒါပေမယ့် အုပ်ထိန်းခွင့်က ခင်ဗျားဆီမှာဘဲ မလား?"

ဤနိုင်ငံတွင် အဆက်အသွယ်တကယ်ဖြတ်ဖို့ဆိုတာ ခက်သည်။ မိဘတွေက စက်ဆုပ်သော အပြစ်ဒဏ်ကို မကျူးလွန်ရင် ဖြတ်လို့မရဘူး။

တကယ်ပင် ရှရှီပေနှင့် ရှရှဟိုင်က အဆက်အသွယ်ဖြတ်စာကို လက်မှတ်ထိုးထားပေမယ့် ထိုစာရွက်စာတမ်းတွေက တရားမဝင်ဘူး။ ထို့အပြင် ရှရှဟိုင် လက်ထဲမှာ သူမ၏ အုပ်ထိန်းခွင့်ရှိသေးသည်။

ရှရှီပေ ထိုအရာကို အရင်က အများကြီးမစဉ်းစားမိ။ သူမ တကယ်လိုချင်တာက ကိုယ်ကျင့်တရားရှုထောင့်ကနေ အကူအညီရရုံပင်။

သူမ အနာဂတ်မှာ နေရာမြင့်တစ်ခုကို ရောက်ရင် ထိုစာရွက်တွေက အသုံးဝင်လာလိမ့်မည်။ ရှရှဟိုင်သာ သူမကို ပြဿနာလာရှာခဲ့ရင် လူတွေက သူ့ကို ပြစ်တင်ရှုံ့ချလိမ့်မည်။

တရားဝင်ဆိုတာကြီးက အကုန်မဟုတ်။ တစ်ခါတစ်ရံ လူတွေဆီက ပြစ်တင်ပြောဆိုခံရသည်က တရားဝင်ပြစ်ဒဏ်တွေထက် ပိုရက်စက်သည်။

ထို့ပြင် ရှရှီပေ အရင်က သူမ၏ အုပ်ထိန်းခွင့်ကို အများကြီး တွေးမထား။ ပြောရရင် သူမ နောက်လအနည်းငယ်လောက်နေရင် လူကြီးဖြစ်လာပြီစ သူမကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချနိုင်တော့မည်။

သို့ရာတွင် သူမ ထင်မထားသည်က သူမ လူကြီးမဖြစ်ခင် ရှရှဟိုင်၏ လက်မှတ်လိုအပ်သည့် ကိစ္စများ ရှိလာမည်ကိုပင်။

သူမ နောက်လနည်းနည်းလောက်နေရင် လူကြီးဖြစ်ပြီဆိုပေမယ့် အခုက အရေးမကြီးသေးဘူး။

ထို့ကြောင့် အုပ်ထိန်းခွင့်က ထိုအချိန် အရမ်းအရေးကြီးသွားသည်။

ရှရှီပေ ချောင်ရန်ကျွယ်ကို ကြည့်လိုက်သည်။

သူမ ခံစားချက်တွေကို စကားလုံးတို့ဖြင့် မဖော်ပြနိုင်တော့။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now