အပိုင်း ၁၇၁

1.3K 157 0
                                    

- ရှရှီပေ အနိုင်ကျင့်ခံရသလိုခံစားရ

လျိုလီရှင်း၏ စကားတွေက လူတွေ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။

သူတို့ သူမက မိထွေးဆိုတာနှင့် မွေးမိခင်မဟုတ်ဆိုတာ သိကြပြီး သူမ ဤလောက်တော့ အသည်းနှလုံးမရှိတာတော့ မဟုတ်လောက်ပါဘူးနော်?

တစ်ဖက်တွင် သူတို့ ရှရှီပေကို ကြည့်လိုက်တော့ သူမမျက်လုံးက စိုစွတ်နေပြီဆိုတာ တွေ့လိုက်ရသည်။

"သမီး...သမီးက ဒီနေ့ ဇွန် တစ်ရက်နေ့ဆိုတော့ ကလေးများနေ့လည်း မကြာခင်ရောက်တော့မှာဆိုတော့ သမီး...."

သူမ ပြောရင်းပင် သူမ အသံတွေက ရှိုက်သံတွေပါလာသည်။

သူမ၏ သနားစရာ ရုပ်ကို တွေ့တော့ အကုန်လုံး သူမအတွက် စိတ်မကောင်းဖြစ်သွားကြသည်။

လိမ္မာသည့် ကောင်မလေးက ဘာလို့ လူကြိုက်မခံရတာလဲ?

သူမ အဖေအရင်းကလည်း စကားတစ်ခွန်းမှမဟ။ သူက သူ့မိန်းမဘက်ဘဲ နေနေတာ။

ဤကောင်မလေးက အရမ်း သနားစရာကောင်းတာဘဲ။

"အား! ငါ့ကို မလိမ်နဲ့!" လျိုလီရှင်း ဒေါသထွက်နေသည်။ "နင့်မှာ ကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး! နင် ငါ့ကို လက်စားချေချင်တဲ့စိတ်ဘဲရှိတာ!"

"လက်စားချေတာ?" ရှရှီပေ စိတ်ရှုပ်သွားသည်။ "သမီးက အန်တီ့ကို ဘာလို့ လက်စားချေချင်မှာလဲ?"

"ဘာလို့လည်းဆိုတော့...."

လျိုလီရှင်း ပါးစပ်က ထွက်သွားတော့မလိုပင်။ သို့ပေမယ့် ကံကောင်းစွာဖြင့် ရှရှဟိုင် သူမကို ဆွဲစိတ်လိုက်လို့ စကားစပျက်သွားသည်။

သူမ နာကျင်နေသော အသားကို ပွတ်လိုက်ပြီး နှာမှုတ်လိုက်သည်။ "နင်က ငါတို့မိသားစု ပျော်ရွှင်နေတာကို သည်းမခံနိုင်နေတာလေ!"

သူမ ပြောပြီးပြီးချင်း ရှရှီပေ၏ မျက်ရည်တို့က ရုတ်ချည်းထွက်လာသည်။ သူမ မြန်မြန်ပင် ခေါင်းငုံ့လိုက်ပြီး လက်ဖမိုးနှင့် မျက်ရည်တို့ကို သုတ်လိုက်သည်။

"သမီး...သမီးတို့က မိသားစုမဟုတ်ဘူးဆိုတာ သမီး သိပါတယ် ဒါပေမယ့် သမီး ဘာမှမလုပ်ဘူး!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now