အပိုင်း ၄၄

3.5K 436 1
                                    

Unicode

-ဦးနှောက်မရှိ ကြွားဝါခြင်း

"သူမက မှန်တယ်"ထောင်ယွယ်ယင်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။ "ကျွန်မတို့ ချင်းဟန်က ကျောင်းရဲ့ မျက်နှာပန်းဘဲ သူမရဲ့ ကြည့်ကောင်းတဲ့ ရုပ်အပြင် သူမ ကျောင်းရလဒ်တွေကလည်း ထိပ်တန်းအဆင့်ဘဲ သူမရဲ့ စန္ဒယားအဆင့်ကလည်း အဆင့် ၁၀ရှိတယ် သူမ ချက်ချင်း ပွဲဦးထွက်ရင်တောင်ရတယ် သူမကို သင်တန်းသား လုပ်ခိုင်းတာက ဘာရမှာ မလို့လဲ?"

ထောင်ယွယ်ယင်း စကားများလို့ ပြီးမှဘဲ ရှချင်းဟန် သူမကို ပုတ်လိုက်ပြီး တိတ်တိတ်နေရန် ပြောလိုက်တယ်။

"အိုက်ယား နင်က ပုံကြီးချဲ့နေတာဘဲ ငါက အဲ့လောက် မတော်ပါဘူး ဟုတ်ပြီလား?"

"ငါ ဘယ်နား ပုံကြီးချဲ့နေလို့လဲ? ငါတို့ကျောင်းက ယောက်ျားလေးတွေက နင့်ကို အရူးအမူးဖြစ်နေကြတာ ငါတို့ နင့်မနက်စာကို ‌မနက်တိုင်း စီစဉ်ပေးသေးတယ်လေ ဒါမှမဟုတ် နင်မေ့သွားတာလား?" လျိုကျီကျင်း သူမကို မျက်နှာချိုသွေးလိုက်တယ်။

မနက်တိုင်း ရှချင်းဟန်ရဲ့ စားပွဲက သူမကို ကြိုက်တဲ့သူတွေပေးတဲ့ မနက်စာမျိုးစုံနဲ့ ပြည့်နှက်နေတာ။ သူမက အကြိမ်ရေများစွာ ငြင်းပေမယ့်လည်း ကောင်လေး အများစုက အခုထိ လက်မလျှော့သေးဘူး။ တဖြည်းဖြည်းနဲ့ဘဲ အစာအကုန်လုံးက တစ်စုံတစ်ယောက် ဗိုက်ထဲရောက်သွားတာပါဘဲ။

သူမ ခန္ဓာကိုယ်ပုံကျအောင် ရှချင်းဟန် အများကြီး မစားရဲဘူး။ ဒါပေမယ့် အခြားမိန်းကလေးတွေက အဲ့လို စိတ်ပူစရာ မရှိဘူး။

"‌ဟုတ်ပါပြီ ဆက်မပြောပါနဲ့တော့ ရှက်စရာကြီး!" ရှချင်းဟန် ပါးတွေ ရဲတက်လာတယ်။ "ငါတို့က သင်တန်းသား ကိစ္စပြောနေကြတာ!"

ဖန်းယန် မျက်နှာသာပေးသောအားဖြင့် ပြုံးလိုက်ပြီး ပြောလိုက်တယ်။ "သင်တန်းသားဖြစ်တာက အစရှိသေးတယ် အားလုံးကတော့ အဲ့ထဲမှာ အချိန်အများကြီး ပေးစရာမလိုဘူး တစ်ချို့ သင်တန်းသားတွေက ဘွဲ့ရပြီး နှစ်ပတ်လောက်နဲ့ ပွဲဦးထွက်နိုင်လောက်တဲ့အထိ ထူးချွန်ကြတယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now