အပိုင်း ၁၂၃

2.6K 319 1
                                    

Unicode

-ကြောင်လေး၏ ပုန်ကန်မှု

"ပေပေ နင့်ရဲ့ ဆွဲဆောင်မှုကဘာလဲ?"

စုန့်ကျားရန် အံ့ဩသွားသည်။ ဒီကြောင်လေးက ရှရှီပေကို ဘာလို့ အဲ့လောက် အသည်းအသန်ဖြစ်နေတာလဲ?

ဒီကောင် ဘယ်လိုဝင်ရပြီး အရုပ်ကောက်ရမည်ကိုပင် သိနေတယ်! လူနဲ့တော်တော်တူလာတာလား?

ရှရှီပေ ပြုံးလိုက်သည်။ သူမ ကြမ်းပြင်ပေါ်က အရုပ်နှစ်ခုကို ကောက်လိုက်ပြီး ကြောင်လေးကို ပြောလိုက်သည်။ "ကျေးဇူး ဒါပေမယ့် မင်း နောက်ကျရင် ဒီလိုမလုပ်ရဘူးနော် မမတို့ ဒါအတွက် ပိုက်ဆံပေးရမှာ"

သူမ အရုပ်တွေက ယူပြီးနေမှတော့ သူမ ပြန်ပေးစရာမလိုတော့။ သို့‌ေပမယ့် သူမ အကြွေနှစ်ခုကို ယူပြီး စက်ထဲပစ်ထည့်လိုက်သည်။ ထိုအရာက သူမကိုယ်တိုင်ကောက်သည်နှင့် ညီမျှပေသည်။

သူမ အရုပ်ကို ကောက်လိုက်တော့ ဟန်နီပျော်သွားသည်။ ကြောင်လေးက မြေပြင်ပေါ် ပြန်လှဲချလိုက်ပြီး ပျော့ပျောင်းသောဗိုက်လေးကို ဖော်ထားလိုက်သည်။

ကြည့်နေသည့်လူတွေက သူ၏ ချစ်စရာကောင်းမှုကြောင့် သောင်းသောင်းဖြဖြဖြစ်သွားသည်။

လူအများစုက စိတ်လှုပ်ရှားနေကြပြီး ကြောင်လေးကိုပွတ်သပ်ချင်နေကြသည်။ သူတို့မိသားမှာ ချစ်စရာကြောင်လေးရှိရင်ကောင်းမှာဘဲ!

လူငယ်လေး စကားပြောချင်ပေမယ့် စကားလုံးရှာမရ။

သူ ရှရှီပေက ဟန်နီ့ကို ဆွဲဆောင်ညှို့ယူဖို့ ကြိုးစားနေသည်မဟုတ်တာကို မြင်နိုင်သည်။ ထို့အစား ဟန်နီက အစပြုနေတာ! သူ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ။

ရှရှီပေလက်ထဲက အရုပ်ကို ကြည့်ပြီး သူ ရင်နာသွားသည်။

သို့ပေမယ့် သူ ဘာမှမပြောခင် သူ့ဖုန်းမြည်လာသည်။

"မား? ကျွန်တော် အနီးနားက ပလာဇာမှာ.....ကျွန်တော်ပြန်လာနေပြီ"

ဖုန်းချပြီးနောက် သူ ကြောင်ကို ယူဖို့လုပ်လိုက်သည်။

ဟန်နီခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး လျှောချကာ ရှရှီပေအနောက် သွားနေလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now