ဟယ်လို မစ္စတာ ချောင်

3.7K 452 1
                                    

Unicode

"သူ တစ်ပတ်အတွင်း ပြန်ကောင်းမယ်ဆိုတာ မင်းသေချာလား?" ဟော်ကျီကျွင်း ရှရှီပေရဲ့ ကတိကြောင့် အံဩဘနမ်း ဖြစ်သွားတယ်

သူသာ ကုမယ်ဆိုရင် နှစ်ပတ်လောက် ကြာလိမ့်မယ်

သူ့ဆရာ ကုမယ်ဆိုရင်တောင် ၁၀ ရက်လောက်ကြာဦးမှာ

ဒါပေမယ့် ရှရှီပေက တစ်ပတ်ဘဲ ကြာမယ်လို့ပြောနေတာလား?!

သူမ နောက်နေတာ ဖြစ်ရမယ် ဟုတ်တယ်မလား?

ဟော်ကျီကျွင်း သံသယကို တွေ့တော့ ရှရှီပေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်တယ် "ဟုတ်တာပေါ့!"

တကယ်တော့ သူမ ချောင်ရန်ကျွယ်ကို သုံးရက်တည်းနဲ့ ပျောက်အောင် ကုပေးလို့ရတယ် ဒါပေမယ့် သူမ တအားကြီး လူသိမခံချင်ဘူး

ဟော်ကျီကျွင်းရဲ့ မျက်နှာက တည်တံ့သွားတယ် "မင်းဆရာ ဘယ်သူဆိုတာ ငါသိလို့ရမလား?"

"အဲ့ဒါ ငါ့ရဲ့ အစွမ်းအစနဲ့ ဘာဆိုင်လို့လဲ?" ရှရှီပေ မေးခွန်း ပြန်မေးလိုက်တယ်

သူမ အစွမ်းအစနဲ့ တော်တော်ကြီး ဆိုင်တာပေါ့!

တရုတ်တိုင်းရင်းဆေးက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ဟာ ဆရာမရှိဘဲနဲ့ အဲ့လမ်းကြောင်းကို လိုက်ဖို့ တော်တော် ခဲယဉ်းတယ်

တရုတ်တိုင်းရင်းဆေးကို ကျဆုံးစေတဲ့ အပြွတ်လိုက် ထွက်နေတဲ့ အနောက်တိုင်းဆေးနဲ့ တော်တော် ကွာတယ်

သူ ရှရှီပေရဲ့ ဆရာကို သိရင် သူ သူမရဲ့ အဆင့်ကို သိနိုင်တယ်

"မင်း ပြောပြလို့မရဘူးလား?"‌ ဟော်ကျီကျွင်း မေးလိုက်တယ်

"ကျွန်မ‌ ‌ပြောပြလို့ မရတာ မဟုတ်ဘူး ကျွန်မ ပြောရင်တောင် ရှင်သိမှာ မဟုတ်ဘူး" ရှရှီပေ ပုခုံး တွန့်ပြလိုက်တယ် " ရှင် သူ့ကို ကျွန်မနဲ့ ကုခိုင်းမယ်ဆိုရင် ကျွန်မ စလို့ရပြီ ရှင် မကုစေချင်ရင် ရှင်ဘာရှင်သာ ကုတော့"

သူမက ချောင်ရန်ကျွယ်ကို တအား ကုပေးချင်နေတာလည်း မဟုတ်ဘူး!

သူမ ဒါကို သိရင် သူ့ကို ကယ်ခဲ့မှာတောင် မဟုတ်ဘူး! ဒီကောင်ကြီးက တော်တော် စိတ်အနှောင့်အယှက် ပေးတာဘဲ!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now