အပိုင်း ၁၈၃

1.9K 166 12
                                    

- ကလေးဆန်သော ဟက်စကီ ကင်းချူ

လျိုမန်ဟုန်က တစ်ယောက်တည်း နေသည်ပင်။

ထိုဧရိယာက လုံခြုံ‌ရေးက အရမ်းကောင်းပေမယ့် အိမ်အကျယ်ကြီးထဲ တစ်ယောက်တည်းနေဖို့ဆိုတာ သူမအတွက် အရမ်း အထီးကျန်စေသည်။

ထို့ကြောင့် သူမ ခွေးမွေးဖို့ ဆုံးဖြတ်လိုက်သည်။

သူမတွင် လူတွေ စကားမပြောသော သူများနှင့် ဆက်ဆံရာတွင် အသုံးပြုသည့် မျိုးကောင်းမျိုးသန့် ကင်းချူအမည်ရသည့် ဟက်စကီလေးရှိသည်။

ချောင်ရန်ကျွယ် ဤနေရာကို တစ်ခါတစ်ခါ ရောက်ဖူးပြီး အကြိမ်တိုင်းတွင် သူ ကင်းချူ အိမ်ကို ပြောင်းဆန်အောင် လုပ်သည်ကို တွေ့ခဲ့ရသည်။

လျိုမန်ဟုန်၏ မျက်နှာလွှဲခဲပစ်နေမှုကြောင့် ကင်းချူက သူ့နာမည်အတိုင်း ပိုပိုပြီး အထက်စီးဆန်လာကာ အိမ်ထဲတွင် နေရာတော်တော်များများကို ဖျက်စီးနေတော့သည်။

ချောင်ရန်ကျွယ်တွင် အိမ်မွေးတိရစ္ဆာန်မရှိတာကြောင့် ထိုအရာအားလုံးကို စပ်စပ်ထိမခံတော့ မဖြစ်။ ထို့အပြင် ဒါက‌လည်း သူ့ခွေးမဟုတ်။

သို့ပေမယ့် သူ ကင်းချူက ရှရှီပေကို ဖားယားပြီး အမြှီးလေးနံ့ကာ လျှာထုတ်ပြနေတာကို တွေ့တော့ ချောင်ရန်ကျွယ် ထိုမြင်ကွင်းကို အရမ်းရင်းနှီးနေသည်ဟု ထင်ပြီး နမိတ်မကောင်းသော ခံစားချက်က သူ့ဆီ ဖြတ်ပြေးသွားသည်။

"အာ ကင်းချူက မင်းကို အရမ်း‌သဘောကျနေတာဘဲ!" လျိုမန်ဟုန် အံ့ဩစွာဖြင့် အော်လိုက်သည်။

ကင်းချူက မျိုးကောင်းဟက်စကီဖြစ်ပေမယ့်လည်း သူက အခြားသော ဟက်စကီများနှင့် ကွာခြားပြီး အပြင်လူများနှင့် နီးနီးကပ်ကပ်နေရတာကို မကြိုက်။

သူ ရှရှီပေကို ကပ်နေသည်က ရှားပါးသော ဖြစ်ရပ်ပင်။

ရှရှီပေ သူမလက်မောင်းထဲတွင် လူးလွန့်နေသော ကင်းချူကို ပုတ်ပြီး ပြုံးလိုက်သည်။ "ကျွန်မက တိရစ္ဆာန်လေးတွေနဲ့ အမြဲတမ်း နှီးနွှယ်မှု ရှိတယ်" သူမ ပြန်ဖြေလိုက်သည်။

ကင်းချူ သူမ သူ့ကို ပုတ်လိုက်‌တော့ မြေပြင်ပေါ် လှဲလိုက်ပြီး သူ့လျှာကို အရင်ကထက် ပျော်ရွှင်မြူးထူးစွာ ထုတ်လာသည်။

ရက်စက်သောနတ်ဘုရားမWaar verhalen tot leven komen. Ontdek het nu