အပိုင်း ၁၅၃

1.6K 184 0
                                    

- လုယက်မှု

လမ်းလျှောက်လာပြီးနောက် ရှရှီပေ သူမကို ကြည့်နေသည့် သက်သောင့်သက်သာမဖြစ်စေသော အကြည့်တို့ကိုသတ်ိထားမိလိုက်သည်။

မကြာခင်ပင် အရပ်ရှည်ရှည်လူအများက ခုန်ထွက်လာသည်။

"ပိုက်ဆံထုတ်စမ်း" ခေါင်းဆောင်က ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်သည်။

ထိုအချိန်တွင် နောက်ကျနေပြီဖြစ်၍ လူသွားလူလာလည်းမရှိ။

ရှိရင်တောင် သူတို့ ထိုနေရာတွင် ဘာဖြစ်နေလဲသိရင် လာကူမှာမဟုတ်။

ရှရှီပေ သူမကို ဒီနေရာမှာ လာပြီး ဓားပြတိုက်မယ်ဆိုတာကို မထင်ထားဘူး။

ထူးဆန်းသည်။

ဤနေရာက လုံခြုံရေးက အကောင်းဆုံးမဟုတ်ပေမယ့်လည်း အကြာကြီးနေလာသည့် လူတွေအကုန်လုံးကြောင့် ပတ်ဝန်းကျင်က ကောင်းသေးသည်။

ဤအရာတွေ ဖြစ်ဖူးပေမယ့်လည်း ရှရှီပေ သူမတွင် လာဖြစ်မယ်ဆိုတာကို မမျှော်လင့်ထား။

"ဘရို ငါတို့ သိုးလာဖို့ အချိန်အကြာကြီးစောင့်လာရတာ ငါတို့ သူမကို အလွတ်မခံနိုင်ဘူး" ခေါင်းဆောင်ဘေးက လူငယ်လေးက မနှစ်မျို့ဖွယ် ပြောလိုက်သည်။

မီးရောင် မှိန်မှိန်အောင်တွင် ထိုလူများက နှာဘူးများနှင့် တူနေသည်။

ရှရှီပေ မျက်မှောင်ကြုံ့လိုက်သည်။ "ရှင်တို့ကို ဘယ်သူလာခိုင်းတာလဲ?"

သူတို့အုပ်စု အံ့ဩသွားကာ နှာမှုတ်လိုက်သည်။ "ဘယ်သူကမှ ငါတို့ကို မလာခိုင်းဘူး ဒါပေမယ့် ဘယ်သူကမှလည်း မင်းကို မသွားခိုင်းဘူး!"

"ကျွန်မ ထွက်သွားချင်တယ်ဆိုရင်ရော?" ရှရှီပေ တည်ငြိမ်နေဆဲပင်။

"မင်း ငါတို့ပြောတာဘဲ လုပ်သင့်တယ်ထင်တယ် မင်းရဲ့ မျက်နှာလှလှလေး နာကျင်သွားရင် ဆိုးဆိုးရွားရွားတွေ ဖြစ်ကုန်လိမ့်မယ်! ဒီကလူတွေက ချမ်းသာတော့မှာ မင်းတကယ် ပိုက်ဆံကို လက်လွှတ်ခံနိုင်လို့လား?"

ရှရှီပေ ဒီလူတွေက လျော်ကြေးငွေအ‌တွက် လာမှန်း နားလည်လိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now