အပိုင်း ၉၀

2.9K 339 3
                                    

Unicode

- ချောက်ချခြင်း (၇)

"အဲ့တာသူလား?!"

စည်းကမ်းပိုင်းဆရာက နောက်ဆုံး အသိပြန်ဝင်လာတယ်။

ယန်ရွှမ်ဖြစ်နေတာကိုး!

"ဒါဆို သူမက အရင်အပတ်က ရိုက်ခံရတဲ့ သူလား?"

စည်းကမ်းရေးဆရာက ကျင်ယာကျန်းကို ဖျတ်ခနဲ ကြည့်လိုက်ကာ အထက်အောက် စုံဆန်ကြည့်လိုက်တယ်။ သူမ မျက်နှာပေါ်က ဒဏ်ရာတွေ ပျောက်ဖို့ ကျန်နေသေးတာကို တွေ့တော့ သူ နောက်ဆုံး မှတ်မိသွားတယ်။

ကိစ္စက ဒရာမာကြီးကြီး ဖြစ်သွားတာကို ဘယ်သူမှ မကယ်နိုင်ဘူး။

သူတို့ကျောင်းမှာ ဒီလိုပထမဆုံးဖြစ်တာကို သူက ဘယ်လိုလုပ် ထင်မြင်ချက်တွေ မရှိရမှာလဲ?

"ဟုတ်တယ်" ထန်လော် ခေါင်းငြိမ့်လိုက်တယ်။ " အဲ့တာ သူတို့ဘဲ ကျောင်းသူကျင်နဲ့ ယန်ရွှမ်နဲ့က စုံတွဲတွေ ဒါပေမယ့် ကျောင်းသူကျင်က ကျွန်တော့်ထိုင်ခုံအတူထိုင်ဖော်ကို သူမနဲ့ ယန်ရွှမ်က စုံတွဲတွေဆိုပြီး မဟုတ်ကဟုတ်က ညစ်ပတ်တာတွေ ပြောနေတယ် ဒါပေမယ့် ကျွန်တော်တို့ သိထားတာကြတော့ တကယ့်အတွဲတွေက ကျင်ယာကျန်းနဲ့ ယန်ရွှမ်ဘဲ!"

ထန်လော်ရဲ့ စကားတွေက ကျင်ယာကျန်းကို ပြောစရာ စကားလုံးတွေ ပျောက်ရှစေပြီး ပြန်မပြောနိုင်အောင် ဖြစ်စေတယ်။

သူတို့ ဒရာမာကို စသရုပ်ဆောင်ကြကတည်းက ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ကြဘူး!

"ထန်လော် နင်လိမ်နေတာ!" သူမ ငိုသံကြီးနဲ့ အော်လိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း!" စည်းကမ်းရေးဆရာက ဆိုးရွားတဲ့မျက်နှာနဲ့ ပြစ်တင်‌မောင်းမဲလိုက်တယ်။  "မင်းအလှည့်မရောက်သေးဘူး စကားမပြောနဲ့!"

စည်းကမ်းရေးဆရာရဲ့ မျက်နှာက တအားလေးနက်တည်ကြည်နေ၍ ကျင်ယာကျန်း သူမကိုယ် သူမ ဘယ်လို ရှင်းပြရမှန်းမသိတော့။

ရှချင်းဟန်နဲ့ အခြားကျောင်းသူတွေက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျင်ယာကျန်းက ဘယ်လိုလုပ် အာရုံစိုက်ခံနေရလဲဆိုတာ မသိကြတော့ဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now