အပိုင်း ၁၉၇

315 42 0
                                    

"ဘာ?! ရှရှီပေလည်း စာချုပ်ချုပ်လိုက်တယ်?!"

ရှချင်းဟန်၏ ရှော့ရသော အသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ မျက်နှာကလည်း အနည်းငယ် တွန့်လိမ်ရှုံ့တွ‌ေနသည်။

ပိုင်မေရွှယ် ရှချင်းဟန်၏ အကျည်းတန်သော မျက်နှာပေးကို တွေ့လိုက်ပြီး မှုတ်သုတ်သွားသည်။

"ဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲ? စိတ်လျှော့!"

သူမကိုယ်တိုင်တောင် အခန်းကို ရစရာမရှိအောင်အထိ လုပ်ခဲ့ပြီးသော်လည်း ရှချင်းဟန်ကို စိတ်အလွတ်မခံနိုင်။

သူမတို့ ရင်တွင်းက မကောင်းဆိုးဝါးတွေ ထွက်ကျမလာဖို့ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် နေရမည်။

"အန်တီရွှယ် ရှရှီပေ စာချုပ်မချုပ်နိုင်လောက်ဘူးလို့ သမီးထင်ထားတာလေ? ဘာလို့ ရုတ်တရက်ကြီး...."

ရှချင်းဟန် သောကရောက်နေသည်။

သူမ ရှရှီပေ၏ နောက်‌ခံကို ရှာတွေ့တုန်းကဆို သူမ အူမြူးနေသည်ပင်။

ရှရှီပေ စာချုပ်မချုပ်နိုင်သည်က သူမကြားရသည့် အကောင်းဆုံး သတင်းပင်။

သူမ ပွဲဦးထွက်ချိန် ရှရှီပေက အောက်ကနေပဲ မနာလိုစွာ ကြည့်နေနိုင်ရုံမှတစ်ပါးမတတ်နိုင်။ ထိုကဲ့သို့ မြင့်မားသော နေရာတစ်ခုကနေ သူမကို ငုံ့ကြည့်ရသည်မှာ ပြောမပြတတ်သော ခံစားချက်မျိုးပင်။

သူမနှင့် ရှရှီပေကြား ကွာခြားချက်က အကြီးကြီးပင်။ အချိန်ကြာလာသည်နှင့်အမျှ ဆက်ကြီးလာဖို့ပဲရှိသည်။

ထိုသို့ဆိုရင်တောင် ရှရှီပေ သူမကို လိုက်မှီမည်မဟုတ်!

သို့ပေမယ့် ရှရှီပေက စာချုပ်ချုပ်ပြီး သူမနှင့်အတူ ကုမ္ပဏီတူတစ်ခုတည်းကို ဝင်မယ်ဆိုတာကို ကြားလိုက်ရတော့...

သူမကို ရူးအောင်လုပ်နေတာလား?!

"သူ အုပ်ထိန်းသူပြောင်းလိုက်တယ်လေ အဲ့တာကြောင့် စာချုပ်ချုပ်လို့ရသွားတာ" ပိုင်မေရွှယ် အခုချိန်မှာ စိတ်နည်းနည်းငြိမ်သွားပြီး သူမ မျက်နှာကလည်း တည်ငြိမ်ကာ မှုန်သုတ်နေတော့သည်။ "ဒီလိုဖြစ်လာပြီဆိုပေမယ့် အတွေးမလွန်နဲ့"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now