အပိုင်း ၁၀၄

2.6K 325 3
                                    

Unicode

-မင်းရဲ့ ကံလေး နည်းနည်းလောက်လိုချင်ရုံပါ

စုန့်ကျားရန်ရဲ့ စိတ်ထားက မန်နေဂျာထောင်ကို ရှော့ရစေတယ်။

"မင်း...ဘာ ဘာဖြစ်လို့လဲ?"

"ဟက်!"

မန်နေဂျာထောင်က ထောင်ယွယ်ယင်း အဖေဖြစ်ပြီး လူကြီးဆိုပေမယ့် စုန့်ကျားရန် ဂရုမစိုက်ဘူး။

သူမ အေးစက်စွာ တခစ်ခစ်ရီလိုက်တယ်။ "မနေ့ ခင်ဗျားသမီး ယွမ်တစ်သောင်းတန်တဲ့ လက်ကောက်ကို ပျောက်သွားတယ် သူမက ပေပေယူတယ်လို့လည်း ပြောသေးတယ် လူအုပ်ကြီး ခေါ်လာပြီးတောင် သူမအိတ်ကို လာရှာကြသေးတယ်!"

မန်နေဂျာထောင် အသက်ရှူရပ်မလိုဖြစ်ပြီး စကားတွေထစ်ကာ"ဘာ....ဘာ...."

ဒါပေမယ့် စုန့်ကျားရန် စကားပြောလို့မပြီးသေးဘူး။

"တစ်နည်းနည်းနဲ့ လက်ကောက်ကို အခြားကောင်မလေးအိတ်ထဲ သွားတွေ့တာ အဲ့ကောင်မလေးက ထောင်ယွယ်ယင်းက ကျွန်မရဲ့ ပေပေကို ချောက်ချဖို့ သူမကို ခိုင်းပါတယ်ပြောနေတာ! ကျွန်မ အသေးစိတ်ကို မသိဘူး ဒါပေမယ့် နောက်ဆုံး သူတို့ ပေပေ့ကို အပြစ်မတင်နိုင်တော့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကုန်ကြရော!"

စုန့်ကျားရန် မန်နေဂျာထောင်ကို မပျော်ရွှင်စွာ ကြည့်လိုက်တယ်။ သူက ဒီလိုသမီးမျိုးကို မွေးထားရင် သူကလည်း ကောင်းတဲ့သူမဖြစ်နိုင်ဘူး!

စုန့်ကျားရန် စကားတွေက မန်နေဂျာထောင်ကို ဆွံ့အသွားစေတယ်။ အဲ့လိုကိစ္စက ဘယ်လိုလုပ် ဖြစ်သွားတာလဲ?

"ယွမ်‌တစ်သောင်းတန်တဲ့ လက်ကောက်?"

ဘေးမှာ ရပ်နေတဲ့ ဂျီအမ်လီက ပြောလိုက်တယ်။ သူ့မျက်လုံးက သူမေးလိုက်တော့ လက်သွားတယ်။ "ဘယ်လို လက်ကောက်က အဲ့လောက် ဈေးကြီးရတာလဲ?"

သူ သူ့မိန်းမနဲ့ သူ့ကလေးတွေအတွက် ဝယ်တုန်းက အဲ့လောက် ဈေးကြီးတဲ့ ပစ္စည်းတွေ ဝယ်တာရှားတယ်။

ထောင်ယွယ်ယင်းလို မိန်းကလေးက အဲ့လို ဈေးကြီးတဲ့ လက်ကောက်ရှိတယ်ပေါ့? သူ မန်နေဂျာထောင် အဲ့လောက်ချမ်းသာမှန်းမသိဘူး!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now