အပိုင်း ၁၀၅

2.7K 306 4
                                    

Unicode

- ငါ့ဆီက ဘယ်လောက်များ ဖုံးကွယ်ထားတာလဲ

"၂၁၀၀၀၀?"

ဂျီအမ်လီက ခဏလောက် မှင်သက်သွားပြီးနောက် သူ့ဘေးတွင် တောင့်ခဲနေသည့် မန်နေဂျာထောင်ကို လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ်!" ရှရှီပေ သူတို့ကြားက အမူအရာကို မမြင်သလိုနဲ့ ယတိပြတ် ခေါင်းငြိမ့်လိုက်သည်။ "ကားက ကျွန်မအတွက် အသုံးမဝင်ဘူး ဒါကြောင့် ကျွန်မ ငွေနဲ့လဲမလို ကျွန်မအတွက် ၂၁၀၀၀၀ လောက်ဆို လုံလောက်တယ်"

"အဲ့လိုလား မန်နေဂျာထောင်?"

ဂျီအမ်လီ မန်နေဂျာကို အေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

"အမ် ကျွန်တော်...."

မန်နေဂျာထောင် ပုံမှန် အသက်ရှူဖို့တောင် ရုံးကန်နေရပြီး စကားတစ်ခွန်းတောင် ပြောမထွက်နိုင်။

ဒီလိုကြီး စောစော ပေါ်ကုန်ရောလား?!

သူ ရှရှီပေဆီက ကားကို ၂၁၀၀၀၀ နဲ့ရခဲ့ပြီး ကုမ္ပဏီကို ၂၄၀၀၀၀နဲ့ ပြန်ရောင်းလိုက်တော့ ကြားထဲ ၃၀၀၀၀ လောက်ကွာနေတယ်။

ဒီလိုမျိုးက အုပ်ထားရမှာ ပြီးတော့ ယွမ်၃၀၀၀၀က သူ့အတွက်ဘဲ။

ဒါပေမယ့် ရှရှီပေ ဆုကို ပြန်ပေါက်ပြီး ငွေနဲ့ ပြန်လဲမယ်လို့ ဘယ်သူက ထင်မှာဘဲ!

မန်နေဂျာထောင် သူ့စိတ်တွေ လွင့်ပြီး သူ့ခြေထောက်တွေ ပျော့ခွေကုန်တယ်လို့ ခံစားလိုက်ရပြီး စကားပြောစရာမရှိတော့။

ပြီးတော့ သူ ဒီကိစ္စ ဒီနေရာမှာ မပြီးသေးဘူးလို့ ခံစားချက်ရနေတယ်။

ဂျီအမ်လီ သူ့စိတ်ထဲ ရှင်းလင်းတဲ့ ပုံရိပ်ကို မြင်နေရပြီး ရှရှီပေကို အပြုံးနဲ့ ကြည့်လိုက်တယ်။ "ငါ မင်းကိစ္စအတွက် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်မယ်"

"ကောင်းပြီ ကျေးဇူးပါဘဲ ဂျီအမ်လီ!"

"ငါ့ကို အန်ကယ်လို့ဘဲခေါ်ပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်လီ!" ရှရှီပေ ရိုးသားတဲ့အပြုံးနဲ့ ပြုံးပြလိုက်တယ်။ "ရှင့်ရဲ့ အလုပ်တွေ ကံကောင်းပါစေ ကျွန်မ ရှင့်လုပ်ငန်းတွေ ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်!"

ရက်စက်သောနတ်ဘုရားမOù les histoires vivent. Découvrez maintenant