အပိုင်း ၇၈

2.9K 376 4
                                    

Unicode

- ငါ့ဟာက အရသာပိုရှိတယ်

သူမသမီးရဲ့ အပြစ်တင်မှုကို ရင်ဆိုင်နေရပေမယ့်လည်း ဖန်ယုံရှင်း အပြစ်ကင်းစွာ မျက်တောင်ခတ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ "အို့ သမီးသူငယ်‌ချင်းရောက်နေတာကို အဲ့လို စိတ်ရှုပ်စရာတွေ မပြောကြရအောင်လား!"

ပြီးနောက် သူမ ရှရှီပေကို နွားနို့တစ်ခွက်ပေးလိုက်တယ်။ "လာ အန်တီဖျော်ထားတာ သောက်ကြည့်!"

"သမီးလည်း သောက်ချင်တယ်လေ" စုန့်ကျားရန် မပျော်ရွှင်စွာ ပြောလိုက်တယ်။

"နင် ဘာတွေ ပြောနေတာလဲ ဝိတ်လျှော့နေတာ မဟုတ်ဘူးလား? နင် သောက်လို့မရဘူးလေ"
ဖန်ယုံရှင်း တွေဝေခြင်း မရှိဘဲ ငြင်းလိုက်တယ်။

စုန့်ကျားရန် စကားလုံးပြောစရာ ရှာမရတော့။

သူမက သူမအမေကို!

ဖန်ယုံရှင်း သူမ သမီးကို ငြင်းပြီး ရှရှီ‌ပေအရှေ့ကို ကိတ်ချပေးလိုက်တယ်။

"လာ ကိတ်မုန့်ကို စားကြည့် ဒီကိတ်မုန့်ဆိုင်က မုန့်တွေက အရသာရှိတယ်!"

သူမ အရသာရှိတယ်ဆိုတာကို ပြောလိုက်တဲ့အချိန် သူမမျက်လုံးတွေက အရောင်လက်နေသလိုဘဲ။

ရှရှီပေ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ သူမကို အန်တီရှင်းက ခွံ့ကျွေးဖို့ လုပ်နေတယ်လို့တောင် ထင်ရတယ်။

"ရတယ် အန်တီရှင်း သမီးဘာသမီး စားနိုင်တယ်

"မား သူက သူဘာသူ စားတတ်တယ်!" စုန့်ကျားရန် သူမနဖူးသာ သူမ ရိုက်လိုက်တော့တယ်။

သူမ ရှရှီပေ လာလည်ရင် သူမနွေးနွေးထွေးထွေးနဲ့ ကြိုဆိုခံရမယ်ဆိုတာသိတယ်။

သူမ ဘာတတ်နိုင်မှာလဲ? ဖန်ယုံရှင်းက ရုပ်လှလှလေးတွေကို တအားဂရုစိုက်တတ်တာကို။

သူမရဲ့ စိတ်အားထက်သန်တဲ့ အဆင့်က လူတစ်ယောက်ရဲ့ ပုံပန်းနဲ့ တိုက်ရိုက်အချိုးကျတယ်။ ပုံမှန်ရုပ်ရှိတဲ့ သူဆိုရင် သူမ ရိုင်းပြမှာ မဟုတ်ပေမယ့် သူတို့နဲ့ တွေ့ဖို့ သူမ စိတ်အားထက်သန်နေမှာ မဟုတ်ဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now