အချစ်တွေကုန်ဆုံးသွားပြီ

4.2K 546 2
                                    

Unicode

ရှရှဟိုင်က ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ လျင်မြန်တယ် ကျယ်ပြန့်တဲ့ သူ့ရဲ့ အဆက်အသွယ်တွေနဲ့ အိမ်ရဲ့ ပိုင်ရှင်နာမည်ကို ရှရှီပေ နာမည် ကို မြန်မြန်ဆန်ဆန် ပြောင်းလိုက်တယ်

အိမ်ကိစ္စ ပြီးသွားတဲ့ အခါမှာတော့ ရှရှီပေ ဆွေမျိုးအဖြစ်မှ စွန့်လွှတ်ခြင်းဆိုတဲ့ သဘောတူညီချက်စာရွက်ကို ထုတ်လိုက်တယ်

"ဒီမှာ လက်မှတ်ထိုးပြီးတဲ့ အခါမှာ ကျွန်မတို့ကြားမှာ ဘာမှ မရှိတော့ဘူး"

သဘောတူညီချက်စာချုပ်က တရား မဝင်ပင်မယ့်လည်း ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါတယ်

ရှရှီပေ ပူပန်ခဲ့သ‌ေလာက် ဒီသဘောတူညီချက်က အနာဂတ်မှာ ဖြစ်လာမယ့် မမျှော်လင့်ထားတဲ့ အရာတွေကနေ ကာကွယ်ပေးနိုင်တယ်

ရှရှဟိုင် စာချုပ်ကို ကြည့်လိုက်တယ် သူ့မျက်နှာကနေ ရေတွေ တစ်တစက်စက် ထွက်ကျနိုင်လောက်တဲ့ အထိ မည်းမှောင်လာတယ်

ဒါပေမယ့် ရှရှီပေရဲ့ အပြောင်းအလဲကို ‌ေတွးပြီး သူတဖြည်းဖြည်း အံကြိတ်လိုက်တယ်" ငါဒီမှာ လက်မှတ်ထိုးပြီးရင် မင်းငါ့ကို နောက်တစ်ကြိမ်ထွက်မလာရှာဘူးဆိုတာ သေချာလား?"

" ဟုတ်တာပေါ့" ရှရှီပေ ရဲ့မျက်နှာမှာ အပြုံးတစ်ခု ဖြတ်ပြေးသွားတယ်" ကျွန်မ ကိုယ့်ဘာသာကို ကောင်းကောင်းနေနရစ်မှာပါ ကျွန်မ တစ်နေ့ ချမ်းသာလာတဲ့ အခါမှာဘဲ ရှင် ကျွန်မဆီလာပြီး ပိုက်ဆံမတောင်းဖို့ မျှော်လင့်ရတာဘဲ"

ရှရှဟိုင်ရဲ့ မျက်နှာက ပိုပြီး မည်းညစ်သွားတယ်

တစ်နေ့ချမ်းသာလာမယ်ဆိုတဲ့ ယုံကြည်ချက်တွေက ဘယ်နားက ထွက်လာတာလဲ?

သူမ တကယ်ချမ်းသာလာတယ်ဆိုရင်တောင် သူက ဆင်းရဲ သွားမှာ မလို့လား?

" မင်းစကား မင်းတည်မယ်လို့ ငါမျှော်လင့်ပါတယ်"

လက်မှတ်ထိုးပြီးတဲ့နောက်မှာ ရှရှဟိုင် ဒေါသတကြီး ထွက်သွားတယ်

ဒါပေမယ့် သူ စိတ်သက်သာစွာ သက်ပျင်းချလိုက်တယ် အခုကနေစပြီး  သူမကြိုက်တဲ့ သူ့သမီးဆီကနေ ကင်းလွှတ်သွားပြီ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now